သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday, 13 May 2013

လူရာ ............

ငါထင်တယ်
ရိုးသားတဲ့ ငါ့မှာ စိတ်အမာရွတ်တွေ များများလာတယ်၊

ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်တတ်ဖို့
စဉ်းစားဥာဏ်တွေ ကလေးဆန်တယ်၊

မာယာများတဲ့ လူတွေကြား
နှာစီးခံ တဲ့ အထီးကျန်လူသား
ဒီမြေမှာ ပေါက်ဖွားလာတာ အပြစ်တစ်ခု ဖြစ်ခဲ့လေသလား

အို အမေ
ကျေးဇူးတရားတွေ ထမ်းထားတဲ့ သားရဲ့ ကျောကို မပွတ်ပေးပါနဲ့လား
အပူရှိန်တွေ ဟပ်နေမဲ့ အမေ့မျက်ဝန်းမှာ
ဓားရာတွေနဲ့ သွေးစတွေ
အို သား သား သား
မင်းတောင် မထေ့ပြုံးတွေနဲ့ပါလား တဲ့

ကဲ လှည့်စားလိုက်စမ်း
ကဲ ကြွေပြစ်လိုက်စမ်း
ကဲ ဖိစားလိုက်စမ်းပါ လောကဓံ

ငါသေမှ အေးမဲ့ လောကကြား
ဘယ်လို ဗုံတီးသံ မျိုးနဲ့မှ
လာ မပြစ်ပေါက်ကြပါနဲ့လား

စုံးစုံးမြုပ် သံသရာမှာ
မျက်ရည်များနဲ့ ရဟန်းတစ်ပါးဟာ
တကယ်တော့ လူအများအမြင်ကြား
သပ်သပ်ရပ်ရပ် မရှိလှပါဘူးမေမေ……………………

                                             (သာကီလုလင်)