သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday, 29 October 2013

ဆုံဆည်းခွင့်နဲ့ အိပ်မက်များ အကြောင်း.......

ကြယ်တွေ မကြွေရလေအောင်
ညတွေကို လက်ဝါးလေးနဲ့
ကာ ထားပေးမယ်

တိတ်ဆိတ်မှုဆိုတာ
ပုရစ်သံနဲ့ ခုတ်ထွင်းလိုက်ရုံလေး
သုညဆန်ဆန် ပြည့်စုံသွားရော့လား

ဝေဒအမှန်တရား သက္ကရာဇ်ထဲက
2013 ကမ္ဘာ သင်္ခါရမဆန်ပြပေမဲ့
2015 မှာတော့
တခုခု change တန်ကောင်းရဲ့

အတွေးတွေ
အတွေးတွေ
ကမ္ဘာမြေပေါ်
တိတ်တဆိတ် သွန်ချရင်း
စုံဆည်းခွင့်နဲ့ သီးချိန်တန်သီးတွေ
အိပ်မက်နေဆဲ.....

(လင်းအိမ်နေ)

No comments:

Post a Comment