သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday, 19 November 2013

သမုဒယများ.........

ငါ့ကိုယ်ငါ သမထလုပ်
ရုပ်နာမ်ဓာတ်တွေ
စိတ်ကြိုက် ပွင့်ပြစ်မယ်

အရှူ အရှိုက်နဲ့
စရိုက်ရေညှိထဲ
သောက မီးကျီတွေ
တဖြောင်းဖြောင်း လင်းကျင်းနေလေရဲ့

ဘယ်သူသိမှာတဲ့လဲ
စံပါယ်တွေ ထစ်ချုန်းရွာနေဆဲ
ရွာဝင်လမ်းရဲ့
သမုဒယတွေထက်
ခပ်ကျဲကျဲ သတိရမိနေဆဲ ဆိုတာ

အော်
ငါလည်း..........


(လင်းအိမ်နေ)

No comments:

Post a Comment