သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Sunday, 11 August 2013

နေညို.......

မွန်းတည့်နေနဲ့
လူတစ်ယောက်ရဲ့ ဖြစ်တည်ခြင်းအတွက်
ဘယ်နှခါမြောက် ဂုဏ်ယူခဲ့ပြီးပြီလဲ

ယနေ့မှာ နေသာပေမဲ့
ကြယ်ကြွေညတွေကို
စာအိတ်ထဲထည့်ပြီး
ဝှက်ထားတတ်တာ
သဘာဝရဲ့ အပ္ပမာဒ ပေါ့

ရုတ်တရက် အလင်းပြနေပေမဲ့
မီးမစားတဲ့
သင်္ချိုင်းညတွေက
ကြိတ်မှိတ် အံကြိတ်
နှာပိတ်လို့......

တကယ်ဆို
တကိုယ်ရေ ဘဝလေးထဲ
ခပ်ရဲရဲ အရေတွေ လောင်းချလိုက်တောင်
ဒီလောက်ထိငါတို့ မရဲတင်းသင့်ဘူးတဲ့လေ

နေဝင်သွားတဲ့ ဒီလမ်းကြား
(ကြည့်ထား ပလေတို)
ဟိုမှာ အို....... လို့........

No comments:

Post a Comment