သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Wednesday, 25 September 2013

ဝေး ကွာ...

အိပ်မက်တွေ မက်
ညတွေကို ဖတ်ရတာ
ပျာတိ ပျာယာ

ယုံယုံ ကြည်ကြည်
ဘဝခြားခံရတာလောက်
ဘယ်ကောင်းကင်က
ပို အမှောင်ဆန်နေပါ့မလဲ မေမေ

တနယ်ဆီ.......
တနေရာဆီ.......
လက်ပိုက်ခေါင်းငြိမ့်လို့
ပြဇာတ်ဆန်တဲ့ တရားက
အသွေးနဲ့ အသားကြား စိမ်းစိမ်းကားကား.......

No comments:

Post a Comment