သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday, 21 September 2013

သဘာဝ harmony .........

ကိုယ့်အနာဂတ် ကိုယ်
တူးဆွကြည့်တော့
မစို့တပို့ ဖြစ်ရပ်လေးတွေက
ပြောင်စပ်စပ် မျက်နှာထားနဲ့.ရယ်

နေ့မြင် ညပျောက်
ကြယ်ကြွေ လရောင်အောက်က
နှုတ်ခမ်းပါးနဲ့များ
ကမ္ဘာမြေ တခြမ်းက
လောကဓံ တရားကို
သိမ်းကြုံး ဝါးတော့မဲ့
ဟန်နဲ့လေ

ကိုယ့်မှန်ချပ် ကိုယ်ကြည့်
ကိုယ့်အိပ် ကိုယ်ဆွ
အဆီစိမ့်တွေ များတဲ့
ရာဘာအတ္တတွေက
မိုးထိုး ဇောက်မျှော်

ကဲ ကမ္ဘာကျော်ကြီး
အလိပ်လိပ် အဆင်မပြေမှုတွေထား
ဘဝတံခါးတွေ ရဲရဲဖွင့်
တိမ်တွေနဲ့ အလိုက်သင့်လေး....

No comments:

Post a Comment