သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Wednesday 15 January 2014

အမေနဲ့ ကိုယ့်ကြား အလေလွင့် အတိတ် ပိုင်းစများ


အမေနဲ့ ကိုယ့်ကြား အလေလွင့် အတိတ် ပိုင်းစများ
=+=+=+=+=+=+=+=+=+=+=+=+=+=+=+=+=

အမေ့ နေ့ ပေါင်းများစွာ
အမေ့ စက္ကန့် ပေါင်းစွာ
အမေ့ နာရီ ပေါင်းစွာ

အမေ နဲ့ ကိုယ် က
(ဆက်သွယ်မှု)
ဧရိယာ ပြင်ပ......

ဘဝက ဒီလိုပါ
"မုဆိုးမ တစ်ယောက် ရဲ့ သား"
"စုန်းမ တစ်ယောက် ရဲ့ သား"
မောင်းထုတ်ကြဟေ့
ရပ်ကွက် နာပါသတဲ့လေ၊

အမေ့ မျက်ရည်ကို သုတ်မပေးတတ်
ဒါပေမဲ့ အမေ ငိုတိုင်း
ကိုယ့် အင်္ကျီ ရင်ဘတ်မှာ
မျက်ရည်တွေ ရွှဲ ရွှဲစိုတယ်....

ဒါလဲ သားကို ပြုံးပြ
လောကဓံကြား
"ထမင်းနဲ့ ဟင်းကတော့ မရှားပါဘူး ငါ့သားရယ်" တဲ့

အမေ့ ချွေးနဲစာ က
မိုင်ပေါင်းများစွာကို ထုတ်ပိုးပြီး
သားတစ်ယောက် ဝမ်းရေးကို ထမ်းရရှာတယ်။
အမေ နေမှ ကောင်းရဲ့လား
ခု
အမေ့အတွက် သား စိုးရိမ်တတ်နေပြီမေမေ....။

နို့တိုက်ဘူးမှ အမေရင်းဆို
နို့ဘူး တစ်ဘူးရယ်
ဆိတ်မ တစ်ကောင်ရယ်
ကျွန်တော် နို့ဖိုးဆပ်ဖို့ ကျန်တယ် အမေ

အမေ့ ချစ်ခြင်းတရားကိုတော့

သား.........

လွဲမှားစွာပင်
သံသယ မရှိ...................................

(လင်းအိမ်နေ)
15.1.2014 (mother's day)