နွေဦးခေါ်သံက ဗာရာဏသီရဲ့ ဆောင်းညတွေကို တိုက်ဖြိုလိုက်ပေပြီ၊
“ အငွေ့တထောင်းထအောင်ပူရဲ့
လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်
ဒီရိုးပြတ်ကိုကျော်ရင်ရောက် ပါပြီတဲ့...။
ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။
မိုးနတ်မင်းကြီးရယ်....
ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...
ကျွန်တော်စိတ်တွေက မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ ။ “
(တာရာမင်းဝေ)
ဘာရယ်မှန်းမသိ “ ဒီထက်ပူ ဦးမှာ ပေပါ့” ဆိုတဲ့ အသံတွေက သူ့ကို ဝိညဉ်ဆိုးတို့ ခြောက်လှန့် သံလို ပူလောင်လွန်းလှပေ၏၊
ဘာပဲ ပြောပြော ဆောင်းရာသီကို ကျော်ဖြတ်လာတဲ့ နောက်ဆုံး လက်ကျန် ငွေ့ငွေ့ လေပြေလေညင်းတို့ရဲ့ အသက် ရှုသံ ပြင်းပြင်းက အပူဒဏ်ကို ကြာရှည် တောင့်ခံ နိုင်မယ်တော့ မထင်
မောဟိုက် ဆူပွေလျှက် ၊
“ အငွေ့တထောင်းထအောင်ပူရဲ့
လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်
ဒီရိုးပြတ်ကိုကျော်ရင်ရောက်
ပတ်ကြားအက်ထဲကလူကအသံကုန်အော
မိုးနတ်မင်းကြီးရယ်....
ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပ
ကျွန်တော်စိတ်တွေက မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ