“တနေ့လုံးလင်းကျင်းခဲ့တဲ့ ဇရာအို နေရောင်ခြည် လမ်းတွေမှာ တွေဝေ လွမ်းစွတ်စွာ”
မထင်မှတ်တဲ့ ခြေလှမ်းတွေနဲ့ နာလန္ဒာ ဆိုတဲ့ ရပ်ဝန်းလေး တခုဆီ သူက ခြေဆန့်မိပါရဲ့
ရွှေပြည်ကြီးသားတို့ ထုံးစံ အတိုင်း ဧည့်လာရင် ပျော်တတ်တဲ့ အကျင့်လေးနဲ့ သူ့ကို ဝိုင်းဝန်းကြိုဆိုကြ၊
မိတ်ဆက်စကားတွေ ဆိုခဲ့ကြ၊
အိန္ဒိယ ရောက်ခဲ့တာခြင်း အတူတူ ဘာမာန ဘာမာန်မှ မရှိခဲ့ကြ၊
ဒါသည်ပင် ဗုဒ္ဓအရှင် ထားခဲ့တဲ့ ရှေ့ဆောင် မေတ္တာထားရေး လမ်းညွှန်ကို လိုက်စားသူတို့ရဲ့ ပင်ကိုယ်စရိုက်ပင် ဖြစ်လေမည်၊
သူက တွေးမိနေဆဲ…………………
သူငယ်ချင်းမိတ်ဆွေ ရဟန်းတပါးရဲ့ စေတနာ ကိုယ်စားပြု ဘုရားဖူးပို့ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့က ပျော်ပျော်ကြီး ခရီးထွက်ခွင့်ရခဲ့ပါတယ်၊
“နာလန္ဒာမှသည် မြို့ရာဇဂြိုလ် ဆီသို့”ဆိုလေပဲ ၊(တယ်ဆိုတဲ့ စာ)………
အဖြူရောင် အဲယားလ်ကွန်း ကားလေးထဲမှာ ဟိန္ဒီ သီချင်းသံလေးက လွင့်လို့……….
တကယ်တော့ နားမလည်မှန်းသိပေမဲ့ နားထောင်မိလိုက်ပြန်တယ်၊
သူငယ်ချင်း ဟိန္ဒီကောင်လေး တယောက်ရဲ့ စကားကို ပြန်သတိရမိပြန်သည်၊
“ အနုပညာ ဆိုတာ လူမျိုးတွေ ဘာသာတွေ နဲ့ မဆိုင်ပါဘူး၊ နှလုံးသား ရှိတဲ့ လူတိုင်းအတွက်ပါ” တဲ့
လက်တလော ဖြစ်နေတဲ့ အဖြစ်ပျက် အနိဌာရုံ တွေ ကြားရ မြင်ရသည်မှာ စိတ်မသက်သာလှ၊
မျက်လုံးမှိတ် အာရုံပြောင်း သူပြုံးနိုင်အောင် ကြိုးစားနေမိသည်၊
ဒီကြားထဲ ‘ကုလားဆိုတာ ရစ်မျိုး’ ဆိုတဲ့ အတိုင်း စငှါးလာကတည်းက အဲယားလ်ကွန်း ဖွင့်ပေးဖို့ ပြောပြီး ငှါးခဲ့ပေမဲ့၊ ကားပေါ်ရောက်တော့ ကုလားက
မင်းတို့ပေးတဲ့ ပိုက်ဆံလောက်နဲ့ အဲယားလ်ကွန်းဖွင့်မပေးနိုင် ဘူး လုပ်နေသေးသည်၊
ရာဇဂြိုလ်ရယ်………. နင့် ရဲ့ စာမျက်နှာတွေမှာ အလွမ်းတွေ သင့်လို့၊
သီရိမာ ကိုများတွေ့လေမလား၊
ခေမာလေး များရှိနေမလား၊
ဝါးတောကြီးရဲ့ သမိုင်းဖတ်စာကို ငါတို့ ချီတက်ခဲ့လာခဲ့ပါပြီ…………..
အိုသီရိမာရယ် ………………
တောင်ကြီးငါးလုံးတောင် ငါတို့ကို ဆွေမျိုးဟောင်းများလို ကြိုလို့ကွယ်
နင်ဘယ်ဆီများ ရှိနေမလဲ………….
ခုတော့ ရာဇဂြိုလ်လမ်းမှာ ဖုန်သင်းနံ့တွေ သင်း လို့……..

မင်းတို့ပေးတဲ့ ပိုက်ဆံလောက်နဲ့ အဲယားလ်ကွန်းဖွင့်မပေးနိုင်
ရာဇဂြိုလ်ရယ်………. နင့် ရဲ့ စာမျက်နှာတွေမှာ အလွမ်းတွေ သင့်လို့၊
သီရိမာ ကိုများတွေ့လေမလား၊
ခေမာလေး များရှိနေမလား၊
ဝါးတောကြီးရဲ့ သမိုင်းဖတ်စာကို ငါတို့ ချီတက်ခဲ့လာခဲ့ပါပြီ…………..
အိုသီရိမာရယ် ………………
တောင်ကြီးငါးလုံးတောင် ငါတို့ကို ဆွေမျိုးဟောင်းများလို ကြိုလို့ကွယ်
နင်ဘယ်ဆီများ ရှိနေမလဲ………….
ခုတော့ ရာဇဂြိုလ်လမ်းမှာ ဖုန်သင်းနံ့တွေ သင်း လို့……..
No comments:
Post a Comment