သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 10 December 2012

ဤစာဖြင့် အလွမ်းသည်ပါသည်၊


"ဘိက္ခဝေ မာ သြလောကေတ ၊ သြလောကေန္တော ပိ မဇ္စျေ သြလောကေထ"
ဘုရားသားတော်များ ပီသကြပါပေ၏ ၊ အေးပေါ့ တွေးပေမပေါ့ ခေတ်တွေ ရွေ့လျားလာမှတော့ ကိုယ်လိုသလို ယူပြီးတွေးနေကြတဲ့ ခေတ်ပဲဟာ မလိုသူတွေ ကန့်ကွက်ကြ လိုသူတွေ သြဘာပေးကြနှင့် ဘဝဆိုတာလဲ တခါတလေမှာ ဒါလေးနဲ့ပဲ နှစ်သိမ့်နေရပေသည် မဟုတ်လား ၊ အရွှတ်အနောက်စကားတို့ ထင်ရှားစေအံ့ လိုသူများ သာဓုခေါ်ကြလေကုန် ၊ အတွေးခေါ်ကြီးမားလေသော အကျွန်ုပ်၏ အပေါင်းသ

ဟာယက ငယ်ကျွမ်းဆွေကြီး တပါး တနေ့ မိမိဆီလာလည်လေ၏၊ မိတ်ဆွေများမို့ အထူးပင် ဘာစားအုံးမလဲ ဟု မခေါ်ရ ၊ ကော်ဖီဖျော်ကွာတဲ့ (အိမ်ရှင်ကို အားနာဟန် တစက်မှ မပြ ) ဒါနဲ့ နေ့လည်က ဆွမ်းခံရင်း မိမိ၏ ဆွမ်းအမ များ သဒ္ဓါဖွေးဖြူပေးလှုအပ်ပေသော တထုပ်တည်းမျှ မိမိမစားရက် မသောက်ရက် သိမ်းထားတဲ့ ကော်ဖီမစ်ထုပ်အား တဆောင်တက် တဆောင်ဆင်း ရေနွေး အပြေးအလွှား ရှာကာ ဖျော်ပေးရလေ၏ (စာသင်သားလေဘဲလေ ဘယ်က ရေနွေးရအံ့) 
ဒါတောင် အဆောင်မှုးက သူများသောက်မှာ ဆိုးလို့ ကုတင်အောက်မှာ အတင်း သိုဝှက်သိမ်းဆည်းထားလေသော ရေနွေးအား မရမက ဓားပြတိုက်ကာ ယူလာခြင်းဖြစ်ပေ၏၊ သို့သော် အနှီး သူကောင့်သား ကျွန်ုပ်၏ ငယ်ကျွမ်းဆွေ အပေါင်းသဟာယက ကြီးကမူ သိဟန်မတူ ဖျော်လာသော ကော်ဖီအား အငန်းမရ တချိုက် နှစ်ချိုက်မျှ ရှလူး ရှလူးဖြင့် လွှေးလိုက်ကာ " ဒီလိုရှိတယ်ကွ အဟမ်း အဟမ်း" ခြေထောက်တစ်ဖက်ကို တဖက်ခြေထောက်ပေါ် တင်ကာ ဘိုးဘိုးအောင်ကြီး ဟန်ဖြင့် ပြင်ထိုင်ကာ မတွေ့တာ ကြာပြီ ဖြစ်သော မိမိအား မှတ်သားစရာ သြဝါဒများဤသို့ ဤနှယ် ခြွေမိန့်လေတောသတည်းးးး
` ဒို့မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူခဲ့တယ်ကွ'
"ရဟန်းတို့ မကြည့်ကြကုန်လင့်၊ ကြည့်သော် အလယ်ကို ကြည့်ကြကုန် တဲ့ကွ"
"ဒါကြောင့် ဘာပဲဖြစ်ဖြစ် အလယ်ပဲ ကြည့်ရမယ် ဘာကိုပဲ ကြည့်ကြည့်ကွာ အလည်ကို ကြည့်တတ်ရမယ် ဆိုပါစို့(ဒီဆိုပါစို့က ကျေးဇူးတော်ရှင်တိပိဋကဆရာတော်ဘုရားကြီးဦးသုမင်္ဂလာ လင်္ကာရသုံးနေကြစကား တိပိကျောင်းသားတို့၏ နှုတ်ဖြားမှာတော့ ရေပန်းစားသော ဝါကျတခုပါပဲ သူက ဆရာတော်ကြီးလေသံနဲ့ မိန့်မိန့်ကြီးသုံးလိုက်ကာ) ဥပမာကွာ" ပြောရင်း သူက တဝက်ကျိုးလုသော ကော်ဖီခွက်အား နည်းတယ် ဆိုတဲ့ ဟန်နဲ့ ငုံ့ကြည့်လိုက်သေး၏
ပြီး ဂလုကနဲ့ တံထွေး တချက် မျိုချကာ
နိုင်ငံရေးပဲ ဖြစ်ဖြစ် စီးပွါးရေးပဲ ဖြစ်ဖြစ် လူမှုရေးပဲ ဖြစ် ဖြစ် ဘာအရေးပဲ ဖြစ်ဖြစ် အလယ်နေရာကနေ ချိန်ခွင် လျှာသဖွယ် ကြည့်တတ်ရမယ်လို့ ဆိုလိုတာကွ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ မဇ္ဈိမ ပဋိပဒါ ပေါ့ကွာ
ဒါတွေတော့ မင်းသိမှာ မဟုတ်ပါဘူး ဒါတွေက ပညာရှိတွေပဲ သိနိုင်တာ အဟမ်း အဟမ်း
ပညာရှိဟန်နဲ့ လည်တိုင်ကို မော့လိုက်သေး၏( သောက်မြင်းကတ်စရာ ကောင်းပါဘိ စာမေးပွဲ ဖြေရင် အမြဲ ငါ့အောက်က လူက ဟွမ်း(
မိမိထက် အသက်လေး မစို့တပို့ ကြီးတာက လွဲရင် လေ့ကျင့်ခန်းစာမေးပွဲဖြေရင် သင်းက အမြဲကျွန်ုပ်အောက်က သက်ကြီးစကား သက်ငယ်ကြား ဆိုရအောင်လဲ သင်းသည် ကျွန်ုပ်လောက် မှ စာဖတ်အား မကောင်း ဘုရား စကားနှင့်ပြောရသော် အသက်သာ ကြီးပြီး ပညာဥာဏ် ဗဟုသုတ ကျွန်ုပ်လောက် မရှိသည့် ကျွန်ုပ်ထက်ကြီးသည် လူအိုကြီး ပေ သို့သော် ယင်းသို့ မဆိုလိုပါချေ သူကြားသော် စိတ်မကောင်းဖြစ်ပေမည်
လူစုံတုန်း ရှင်းပြရခြင်းမျိုးသာ (ရှည်ပြန်ပါပြီ)
ထို့ကြောင့် မိမိ လဲ အမြင်ကတ်ကတ် နှင့်ပင် ဘုကျကျ မေးလိုက်၏
ဒါဆိုရင် အမျိုးသမီးတွေ ကြတော့ရော ဘယ်နားကြည့်ရမှာလဲ"
"ဟင်"
အကျွန်ုပ် အမေးကို သူက နားမလည်လေ ဟန်နှင့် မျက်လုံးလေး ကလည်ကလည်လုပ်ကာ အကျွန်ုပ်ကို လည်စောင်းမတက် စောင်းငဲ့ကြည့်လိုက်ကာ
"ဘာရယ်"
" အော် အမျိုးသမီးတွေ ဒကာမလေးတွေကို မြင်ရင် ဘယ်နားကို ကြည့်ရမလဲလို့ "
" ဟင်"
သူ့စဉ်းစား ဟန်ဖြင့် လက်က ကော်ဖီခွက်ကို လွေ့ ခနဲ လှမ်းဆွဲလိုက်ကာ ကျွန်ုပ် မေးသော မေးခွန်းကို သဘောပေါက်သွားပြီး ပြုံးဟန်ဖြင့် မိမိကို ကြည့်လိုက်ကာ
" ဟေ့ကောင် စကားကောင်းပြောနေတာကွ သူတော်ကောင်းစကား မနှောင့်ယှက်နဲ့ ဟွန်း"
ဟုဆိုတာ နှစ်ယောက်သား ပြိုင်တူရယ်မိကြ၏၊( ဘဝဆိုတာကြီးထဲမှာ သူငယ်ချင်းဆိုတာလဲ ကိုယ်အတွက် အားပါပဲ)
တိပိ ကမ္ဘာအေး ဂန္ဓာရုံမှ အတီတ သဟာယက များအား ဤစာဖြင့် အလွမ်းသယ်ပါလေသည်။
သာဓု...... သာဓု..... သာဓု

No comments:

Post a Comment