၁၁.၁၂.၂၀၁၂
မနက် နေ့
ည
သိပ်မလှတဲ့
အက္ခရာလေးနဲ့ ငါ
မနက်ခင်းတွေကို
ကိုက်ဖဲ့ဝါး ဟင်းချက် ထမင်းချက် ဇာတ်မျောလေးကို ခပ်ငံငံလေး ခံစားမိရဲ့၊
ဒီလိုနဲ့
ဘာမှန်းမသိ နေ့လည်ရောက် ထမင်းစိတွေ ဗိုက်ထဲကို သိပ်ထည့် ပြီးတော့ မျက်လုံးမှိတ် ပတ်လတ်လှန်
ဟော အိပ်ပီဆိုပဲ
ကောင်းလိုက်တဲ့ ဘဝ ဒါနဲ့ နိုးရင်တော့ ကဗျာတပုဒ်ရေးမယ်ပေါ့လေ
စိတ်ကူး ချိုချိုလေး
လောင်းထည့် မသိမသာ ပြုံးလိုက်တဲ့ အပြုံးမှာ စဉ်းစားထားတာလေးတွေ ပါသွားပြန်တယ်၊
ဒီလိုနဲ့
အစကနေ အစကို ပြန်ရောက် ဂျာအေးရဲ့ နာရင်းရိုက်ခြင်းကို ခံရပြန်ပါသတဲ့
ခက်ပါလေကွယ်
ဆောင်းမှန်လာရင် ရေချိုးခြင်းတွေကို ငတ်လာတယ် နှာစီးမလား ဖျားနေမလား သံသယတွေနဲ့ ကြိုးခုန်ကစားရင်း
ပုံမှန်ပဲ ပြန်လည်ပတ်လာပြန်တယ်
ရေချိုးမယ်
နှလုံးသားကို သံန္ဒိဋ္ဌာန်တွေ ကပ်သပ်ချုပ်ရင်း ချွေးတစက်စ နှစ်စက်စ ထုတ်ဖို့ ကိုးနဝင်းကို
ခြေလျှင် သူ ကြွတော် မူခဲ့ ဘယ်သူမှမရှိ အခန်းကို ပိတ်ထားတဲ့ တခါးတွေနဲ့ နို့တိုက်နေတဲ့
ခွေးမတကောင်ပဲ ရှိ ဒါပေမဲ့ ရပါတယ် လေ ငါက ခေသူမှ မဟုတ်လေလဲ အိမ်ဘေးက လမ်းကျဉ်းလေးပေါ်
အပါတ် ၁၀ ခါ တိတိ ပတ်ပြေးပလိုက်တယ် (ကိုင်းဘာမှတ်နေလဲ)
…………………………………………………………………………………
No comments:
Post a Comment