သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 28 February 2014

အတွေး....

အိပ်မက်တွေ မြင်မကောင်းလောက်အောင် မက်နေပုံက ကိုယ့်ကိုယ်ကိုတောင် ပြန်လှောင်ပြောင် ချင်စရာ ကောင်းနေပြီလေ………

Sunday 23 February 2014

ဒိုင်ယာရီ..

Morning . မာလာဏ်ုသီးဆိုဒ်ဆး .अच्छा सुबह :)
*****************************************************

ကိုးလ်ကတ္တား မောနင်းက ဗာရာဏသီလောက် ဖော်ရွေလှသည်တော့ မဟုတ်၊
စိမ်းစိမ်းကားကားကြီး ကြည့်နေပြန်သည်။
ဒီနေ့ ပန်းခြံနားတဝှိက် ခါတိုင်းတွေ့နေကြ တရုတ်မလေးကို မတွေ့၊
“bhante, bhante” နဲ့ လူကို တွေ့ရင် အတင်းလိုက်ပြုံးပြတတ်တဲ့ ဟာမလေး၊
ရင်ထဲ ဟာတာတာ ရှိလာသည်၊
မုန့်တချပ်နဲ့ ကုလား ကျရေ(လက်ဖက်ရေ)တခွက် အတင်းပြေးဆွဲလိုက်ရသည်၊
နေသာထိုင်သာ ရှိသွားသည်၊ တစ်ပါးသူ နိုင်ငံမှာတော့ ကိစ္စမရှိ၊
ဒီလိုပင် ကြုံသလို ဆွဲရသည်က ဓလေ့တခုလို ဖြစ်နေသည်၊ (အနော်တို့ ဆရာ ဂင်္ဂါကြီးတောင် ကျရေနဲ့ အာလုတ်ကျင်းလေသည် ဆိုပဲ ၊ (ကြုံတုန်းလေး ဖောက်သည်ချလိုက်ဦးမယ် :P) )
မနက်မိုးလင်း လူရှင်းသူရှင်း အချိန် ကားကား ကားကားနဲ့ ထပြေးတတ်တဲ့ အကျင့်တခု အိန္ဒိယ ရောက်ကတည်းက မွေးမြူထားမိသည်၊
အမိမြေမှာတော့ တော်တော် ကိုးယိုးကားယား နိုင်လှသော မြင်ကွင်းမျိုးဖြစ်သည်။
အိန္ဒိယ နိုင်ငံသားတွေကတော့ မနက်ခင်း လွှား, လွှား နဲ့ ပြေးနေတတ်တဲ့ ကိုယ့်ကို လူထူးဆန်းသဖွယ် လိုက်ငေးကြည့်ကြသည်၊

ကတ်ထရီနာ ကေ့ဖ် ၊ပရီယာနာ ချိုပရာ၊ ပရတီ ဇင်တ တို့အချိုးစားကျပြီး ငေးနေလောက်အောင် လှသလောက် ဟိန္ဒီ ဘင်္ဂါလီမလေးတွေက ဗိုက်ပူ နံကားလေးတွေများသည်။
သူတို့ ပျင်းတာလဲ ကိုယ့်အတွက် တခုကောင်းသည်၊ ဘာကိုမှ မျက်နှာပူစရာ မလို စိတ်တွေ လွတ်လွတ်လပ်လပ် ရှိလှသည် ဟု ထင်မိသည်၊
ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ၂၄ နာရီ ကိုယ့်အတွက် ကုသိုလ် ရယ် ဥစ္စာရယ် ပညာရယ်
ဘာကျန်ခဲ့မည်လဲ စောင့်ကြည့်ရပေဦးမည် ၊

နိုးနေကြပြီလား ကျုပ်ကတော့ စ,နေပြီဗျ 


:) ;) :D 

(၂၃.၂.၂၀၁၄)

အတွေး..

ကိုယ့်စိတ် ကိုယ် ဖြောင်းဖျ
အမှောင်ညတွေ ကုန်လွန်ပါစေတော့...

အတွေး.. :)

နေရတာ ပျင်းလို့
ဘဝကို ဒီလိုလေး ဆင်ထားချင်တယ်...
"ရန်သူ စစ်စစ် တစ်ယောက်ရယ်"
"ချစ်သူ စစ်စစ် တစ်ယောက်ရယ်"

တစ်ကိုယ်တည်း

ငါ့ကိုယ် ငါ ပျောက်ဆုံးရတာ
ဘယ်လောက် အောက်ကျလိုက်သလဲ....

ပျင်းရိ မနေပါနဲ့
မာသာထရီဇာ ကို တွေ့ရင်
ဗျာများနေရတဲ့ အကြောင်းလေး
ရှင်းပေးလိုက်ကြပါ....

ရိုရိုကျိုးကျိုး ငါ့အဘိဓမ္မာမှာ
မှိုရတဲ့ မျက်နှာထားမျိုးတွေက
ခပ်များများရယ်လေ.....

(လင်းအိမ်နေ)

Wednesday 19 February 2014

ငါ .. မြန်.. မာ...

ဘာလို့ “ငါ မြန်မာ” လို့ ရဲရဲကြီး ရင်ကော့ ပြောမထွက်ရတာလဲ မိညာ…
ကျေးဇူးပြုပြီး …… (နောက်ထပ် ပုစ္ဆာတွေ ထပ်မပေးပါနဲ့)
ဗုဒ္ဓကို ချစ်ရင် အရည်ချင်းတွေ ဦးစားပေးကြမယ်လေ…
ကမ္ဘာကို အိမ်ဖေါ်ပို့တဲ့ နိုင်ငံ မဖြစ်ချင်ဘူး၊
ညက အိပ်မက်ထဲမှာ မြန်မာ့အာဂလူသားတွေ လ’ကမ္ဘာကို picnic ထွက်ကြသတဲ့…

Friday 14 February 2014

ဖေဖဝါရီ ၁၄ ကို ဟော့ဒီလို တောက်လွှတ်လိုက်တယ်...

ဂရုမစိုက်ဘူးဟေ့
ကိုယ့်ကိုယ်ကို ပြန်ရူးတိုက်ထားတယ်။
ဖြတ်ရိုက်ချင် ရိုက်သွား

လာလမ်းမှာ ကြာပန်းတွေ ပွင့်နေပြီပဲ
မှာတမ်းတွေ နားစမ်းပါ
မင်း အတွက် ငါ
တရားထဲက ကဗျာ လို
အများနဲ့ မသက်ဆိုင်သော ဗေဒါ……….

အာရှ ကြယ်တွေ ကြွေတဲ့ နိုင်ငံ..

ပြည်တွင်းစစ်တွေ
ပြည့်နှက်နေတဲ့ နိုင်ငံ...

နိုင်ငံ တိုးတက်ဖို့ဆိုရင်
ဘယ်တော့မဆို
ထော်လော်ကန့်လန့်

အသားရေ ဝါတာတာ နဲ့
လူညံ့ အာရှ လူတန်းစား တရပ်
အမြဲမပြတ် ပေါက်ဖွားပေးနေကြ နိုင်ငံ

အဲ့နိုင်ငံလေးမှာ
ကြယ်တွေ မြေခ တဲ့ညတွေ
များနေဆဲလေ……………..

Monday 10 February 2014

သမုဒယ လမ်း ....

ဘာများ အသုံးကျနိုင်ဦးမလဲ
ကွက်လပ်တွေ
ပြည့်နေမင့်ဟာ

ဖြစ်နိုင်ရင် လမ်းတိုင်းကို
ပွင့်လိုက်ချင်တာ
ကိုယ့်ဘဝက “လ” မပါတဲ့ ရက်ရာဇာလို ကွဲ့

ခပ်ရဲရဲ ကျဲ ချလိုက်စမ်း
ဦးရိပ်ထက် သရမ်းလွန်းတဲ့
သံသရာ ဆိုတဲ့
အလွမ်းတွေ………

(လင်းအိမ်နေ)

Thursday 6 February 2014

ပြန်ရှုံးထားလိုက်တယ်..........

စစ်တွေကို ကြောက်လွန်းလို
ကိုယ့်ကိုယ်ကို ပြန်ရှုံးထားလိုက်တယ်

ထွေရာလေးပါးနဲ့ စကားလုံး
ရေပေါ်ဆီ ယဉ်ကျေးမှုထဲ
ကိုယ်သာ မှားသူဖြစ်ချင်သူပါ တကယ်

နိုင်ငံကို ဒီမိုကရေစီ ဆိုတာ ပြချင်တယ်
ဇာတ်ရေမလည်တဲ့ 
ပြဇာတ်မှာ ဘုရင်မျိုး မန်းလေးသားတွေ အများဆုံး 
ကျဆုံးနေတာ ဝမ်းနည်းတယ်

နေပြည်တော် ပျောက်ကွယ် တဲ့ တနေ့
အမျိုးသားရေး ကို “ဝ” တို့ ပြောင်းအော်ပေးမယ် 
သင်းတို့ ရာဇဌာနီ ဆိုတာနဲ့ပဲ 
သေရစ်ကြ

(လင်းအိမ်နေ)