သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Sunday 23 February 2014

ဒိုင်ယာရီ..

Morning . မာလာဏ်ုသီးဆိုဒ်ဆး .अच्छा सुबह :)
*****************************************************

ကိုးလ်ကတ္တား မောနင်းက ဗာရာဏသီလောက် ဖော်ရွေလှသည်တော့ မဟုတ်၊
စိမ်းစိမ်းကားကားကြီး ကြည့်နေပြန်သည်။
ဒီနေ့ ပန်းခြံနားတဝှိက် ခါတိုင်းတွေ့နေကြ တရုတ်မလေးကို မတွေ့၊
“bhante, bhante” နဲ့ လူကို တွေ့ရင် အတင်းလိုက်ပြုံးပြတတ်တဲ့ ဟာမလေး၊
ရင်ထဲ ဟာတာတာ ရှိလာသည်၊
မုန့်တချပ်နဲ့ ကုလား ကျရေ(လက်ဖက်ရေ)တခွက် အတင်းပြေးဆွဲလိုက်ရသည်၊
နေသာထိုင်သာ ရှိသွားသည်၊ တစ်ပါးသူ နိုင်ငံမှာတော့ ကိစ္စမရှိ၊
ဒီလိုပင် ကြုံသလို ဆွဲရသည်က ဓလေ့တခုလို ဖြစ်နေသည်၊ (အနော်တို့ ဆရာ ဂင်္ဂါကြီးတောင် ကျရေနဲ့ အာလုတ်ကျင်းလေသည် ဆိုပဲ ၊ (ကြုံတုန်းလေး ဖောက်သည်ချလိုက်ဦးမယ် :P) )
မနက်မိုးလင်း လူရှင်းသူရှင်း အချိန် ကားကား ကားကားနဲ့ ထပြေးတတ်တဲ့ အကျင့်တခု အိန္ဒိယ ရောက်ကတည်းက မွေးမြူထားမိသည်၊
အမိမြေမှာတော့ တော်တော် ကိုးယိုးကားယား နိုင်လှသော မြင်ကွင်းမျိုးဖြစ်သည်။
အိန္ဒိယ နိုင်ငံသားတွေကတော့ မနက်ခင်း လွှား, လွှား နဲ့ ပြေးနေတတ်တဲ့ ကိုယ့်ကို လူထူးဆန်းသဖွယ် လိုက်ငေးကြည့်ကြသည်၊

ကတ်ထရီနာ ကေ့ဖ် ၊ပရီယာနာ ချိုပရာ၊ ပရတီ ဇင်တ တို့အချိုးစားကျပြီး ငေးနေလောက်အောင် လှသလောက် ဟိန္ဒီ ဘင်္ဂါလီမလေးတွေက ဗိုက်ပူ နံကားလေးတွေများသည်။
သူတို့ ပျင်းတာလဲ ကိုယ့်အတွက် တခုကောင်းသည်၊ ဘာကိုမှ မျက်နှာပူစရာ မလို စိတ်တွေ လွတ်လွတ်လပ်လပ် ရှိလှသည် ဟု ထင်မိသည်၊
ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ၂၄ နာရီ ကိုယ့်အတွက် ကုသိုလ် ရယ် ဥစ္စာရယ် ပညာရယ်
ဘာကျန်ခဲ့မည်လဲ စောင့်ကြည့်ရပေဦးမည် ၊

နိုးနေကြပြီလား ကျုပ်ကတော့ စ,နေပြီဗျ 


:) ;) :D 

(၂၃.၂.၂၀၁၄)

No comments:

Post a Comment