သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 10 December 2012

ညတစ်ညရဲ့ အမေ.....


အမေ အချိုးမကျ အနားမလှဘဲ
ကျွန်တော့ကို မွေးဖွားခဲ့
ကျနော် ကော်ဖီတွေ သောက်ရင်း
လေ တစ်လေနဲ့ ကြောင်ရင်း
တစ်ခါတုန်းက အဖန်ဖန် ရွတ်ခဲ့ရတဲ့
ဘားနမ်ရှော့ ရဲ့ ကဗျာ
ဒီလိုပဲ ကျနော်တို့ သံသရာနဲ့ မျက်နှာချင်းဆိုင်တွေ့ဖြစ်က
အဲလ်ပ်တောင်တန်းခြေရင်းတွေ ဆီက နေညိုညို ကဖေးဆိုင်လေးထဲဝင်ကြည့်


နေတအုပ် လတအုပ်နဲ့ ကောင်လေး တယောက်
ကဗျာလေး ရွတ်ရင်း
ကော်ဖီလေး မော့ရင်း
ကျနော်ဟာ သမာရိုးကျတွေထဲက သာမာန်လူသား တယောက်ပဲ ဖြစ်လိုသူပါမေမေ
ကျနော့ကို မွေးကာစလို အနှီး သဘတ်လေးနဲ့တော့ လာမပါတ်နဲ့တော့နဲ့ပေါ့အမေ
အမေ့သားက ခုဆိုလူလား မြောက်
ဒီကမ္ဘာလေးထဲမှာပဲ ရိုးသားစွာနဲ့ ယဉ်ကျေးလိုသူ ပါမေမေ
မေမေ ကော်ဖီသောက်ဖြစ်သေးလား
သားအကြောင်းက အမေ့ရဲ့ အနာဂါတ် ဖြစ်နေလား
လောက တဝက်ကို မော့လိုက်တဲ့အချ
ကျနော့ လည်ပင်းက စပ်ဖျင်းဖျင်းနဲ့ မေမေ
ခုဆို ပဲရစ်ကို သားရောက်ဖူးပြီ မေမေ
ခုဆို ဟောလီးဝုဒ်ကြီးထဲကို သားရောက်ဖူးပြီမေမေ
ခုဆို မဒမ်တူဆိုး ပြတိုက်ထဲကို သားရောက်ဖူးပြီ မေမေ
တာ့ဂ်ျမဟာ ထဲမှာလဲ ရောင်ချာချာနဲ့ ဟိုမရောက် ဒီမရောက် ပတ်လျှောက်ခဲ့ ဖူးပြီ မေမေ
အမေ မသိတဲ့ ပိရမစ်ကြီးတွေ အကြောင်း သား ပြောတတ်ပြီ မေမေ
အမေ မော့ချလိုက်တဲ့ ကော်ဖီခွက်ထဲက တဝက်တိတိဟာ
သားနာမည် ဖြစ်သတဲ့လားမေမေ
တကယ်ဆို ငယ်ငယ်လေး ကတည်းက ဦးလေးရဲ့ ပရန် ထဲမှာ ဝင်လုပ်နေရတဲ့ ကောင်လေး တကောင်ဟာ
ခုတော့ ဧရာဝတီရဲ့ အနာဂါတ် သူရဲကောင်းလောင်း ဖြစ်ပါသတဲ့လား မေမေ
အက်ဒီဆင် ရဲ့ အတိတ်က တကယ်တမ်းတော့ သင်ခန်း ဖတ်စာကြီးထဲက
လံကြုတ်တွေလဲ ဖြစ်နိုင်ပါရဲ့ တဲ့ မေမေ
အမေလည်း သိမှာပါ…
သားဟာ အပြစ်မဲ့ ဖခင်မဲ့ခဲ့ရလေသူ
ရွာဝင်လမ်းရဲ့ ကုက္ကိုလ်ပင်ကြီးအောက်မှာ ဖော်ဝေးငှက်လေးတကောင်
အမေ့ရဲ့ ဈေးရောင်းပြန်ချိန်ကို စောင့်နေတယ်အမေ
နေပူလည်း ငုတ်တုတ်
မိုးရွာလည်း ငုတ်တုတ်
ဥပေက္ခာ မျက်ဝန်းတွေ ကြားမှာ သားဟာ ကျောက်ရုပ်တရုပ်သာ ဖြစ်ပါတယ် မေမေ
ဘယ်လို အင်အားမျိုးမှ သား မလို
ဘယ်လို ဇာတ်ရုပ်ကိုမှ သား မကချင်
သားဟာ သာမန် လယ်တောသူလေးတယောက်ရဲ့ ဖခင်နာမည်မေ့
သာမင်ညောင်ည တယောက်သာ ဖြစ်ပါလေတယ် မေမေ
ရွာအဝင်လမ်းမှာ ဂလိုဘယ်လိုက်ဇေရှင်းတွေ ထားခဲ့
မေမေ မှုတ်တိုက်တဲ့ ရေနွေးကြမ်း တခွက်ကိုပဲ
နိုင်ငံခြားဖြစ် ဘလက် ကော်ဖီတွေထက် သား ပိုမက်မောပါတယ် မေမေ
မေမေ သားကို လွမ်းနေလား
တရားနဲ့ ဖြေလို့ မပြောလိုပါဘူး မေမေ
မေမေဟာ သားအတွက် အမြဲ နုပျိုနေသူ
ခုတော့လဲ ညဉ့်နက်ပါပေါ့မေမေ
သားငယ်ငယ်လို အမှောင်မကြောက်တော့ဘူး မေမေ
သားငယ်ငယ်လို ကြောင်ညိုကြီးကိုလဲ မကြောက်တော့ဘူး မေမေ
ဒါပေမဲ့
မေမေ ရင်ခွင်ထဲမှာပဲ ခုချိန်ထိ အိပ်စက်
အနားယူလိုနေသူ………………………

No comments:

Post a Comment