သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 27 July 2013

မြို့ကလေးသို့ ခြေလှမ်းဝင်

တစိမ်းပြင်ပြင် မြို့လေးကြား

ဆိုက္ကားဆရာတွေ ပေါများတယ်၊

မြက်ရိုင်းပင် နဲ့
နီရဲရဲ မြေလမ်းတွေကြား
လမ်းသွားလာတွေ ရှားတယ်၊

အဲ့မြို့လေးမှာပေါ့
ယဉ်တွေ လမ်းဘေး ချမောင်းပြီး
လူတွေက လမ်းလယ်ခေါင် တက်
လမ်းလျှောက်ကြရတယ်

မြစ်တစ်ခု
တံတားတစ်စင်းနဲ့
တိမ်ထူထူ ထိုမြို့လေးကြား
နားမကြားသူတွေ အစဉ်ဆက်
စကားများတယ်

ကျောပိုးအိပ် ကားကား
နှုတ်ဆက်သူ ရှားရှား နဲ့
Foreign ပြန် ရဟန်းတစ်ပါး
ခါး နာနေအောင်
ရေလှုပ် ရတယ်၊

ကာဆီနို မရှိရှာတဲ့
ထိုမြို့လေးရဲ့ လမ်းကြိုလမ်းကြား ကြား
မုန့်စိမ်းပေါင်းသည်တွေ
ကြီးပွားတယ်၊

မြို့ကလေးရဲ့ ရနံ့ကို ရှု
ဖားအူသံတွေ ပြန့်ကျဲ
အလျားလိုက် မြို့ပြလေးမှာ
ကဖီးဆိုင်တွေ ကြွယ်ဝတယ်

ပက်လက်ကြီး ခွထားရတဲ့
ချောင်းတစ်စင်းရဲ့
လည်တံ ဖွေးဖွေးကြား
(မြို့လေးပေါ်က)
အနုပညာ သမားတွေ
လှိုင်းကစားတယ်

ကြယ်ပျပျ ကောင်းကင်ကြား
ငါ့ကိုငါပဲ ကြွေကြဖို့
ထိုမြို့လေးသို့ ပြန်ခဲ့တယ်

ငါ မျှော်လင့်
တနေ့နေ့ တချိန်ချိန်
မြို့ကလေးရဲ့ တိမ်လွှာကြား
မှိုင်းတိုင်တွေနဲ့
ထိုးထောင်နေဦးမယ် လို့………..

No comments:

Post a Comment