သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 26 July 2013

တဘောင်...

ယနေ့ မြန်မာပြည်ရဲ့ အကြောင်းရာတွေနဲ့ ပါတ်သတ်ပြီး
ကိုယ်ငယ်ငယ် ခလာသေးသေးအရွယ်
စကားပြောရင် တဘောင် ဥပမာနဲ့ စကားပြောတတ်တဲ့ ဦးချိန် ဆိုသော အဘိုးအို တယောက်ကို သတိရသည်။
မြန်မာ့ တဘောင်ဆိုတာ ရှေးမြန်မာ လူပညာရှင် ရဟန်းပညာရှင်များ အနာဂါတ်မြန်မာအတွက် သိသမျှ မြင်သမျှ ကြိုတင်ရေးသားခဲ့တဲ့ အတွက် ပယ်နှုတ်ရခက်ပါတယ်။
ငယ်ငယ်က ဆိုတော့ ကြာတော့ ကြာခဲ့ပြီပေါ့လေ
သိပ်တော့ မမှတ်မိ၊
“လူနီနီ ဘောင်းဘီဝတ်ပါလို့ လယ်သမားအုံကြွသူပုန်ထကြလိမ့်မယ်”
ဒါကတော့ ရှင်းသည်၊
“တောင်က ခြောက်လို့ မြောက်က ယူ အလယ်လူမှာ အူနဲ့ ဟောင်းလောင်း”
တောင်က ခြောက် ဆိုသည်မှာ ကုလားက မြန်မာပြည်ကို ခြိမ်းခြောက်၍ ၊ မြောက်က ယူဆိုသည်မှာ တရုတ်က မြန်မာပြည်ထဲက ရသမျှသယံဇာတ ကို ထုတ်နှုတ်ယူဆောင်ကာ မြန်မာပြည်ကြီး အူနဲ့ဟောင်းလောင်းသာ ကျန်မည်ဟု ရှေးပညာရှင်တို့ ရေးသားကြခြင်းဖြစ်မည်၊
“ဗမာတွေ သူတစ်လူ ငါတစ်မင်းနဲ့ အချင်းချင်း စစ်ခင်းတော့မှ ဗျိုင်းဖြူက ဝိုင်းကူလို့နှက်”
မြန်မာ အချင်းချင်း တိုင်းရင်းသား အချင်းချင်း သူတစ်လူ ငါတစ်မင်း ဆိုပြီး စစ်တိုက် ကြတော့မှ ဗျိုင်းဖြူဆိုသည်မှာ တရုတ်ကို ဆိုလိုခြင်းဖြစ်မည်၊ ယခုပင် ကချင်တို့ ဝ တို့နဲ့ တင်းမာမှုကြား တဖက်မှာ တရုတ်က အကူညီတွေများစွာ ပေးနေသည်ဟု သတင်းတွေက ဆိုသည်၊
“အမေရိကန် အလာနှေးလို့ အဖာအထေးနဲ့ ဝတ်ရကိန်းဆိုက်”
မြန်မာပြည်ကြီးဟာ အမေရိကန် နဲ့ တခြား တကယ့် စေတနာ အစစ်မှန်နဲ့ ကူညီမဲ့ သူတွေဝင်လာတာ နောက်ကျတဲ့ အတွက် မြန်မာပြည်သူတွေ ဆင်းရဲလိမ့်မယ် လို့ ဆိုတာပါ၊
“နှုတ်ခမ်းနီဆိုးလို့ အမောက်လှန် ကပ္ပလီပြန်ရင် လိုက်ကြမှာလား”
မြန်မာမတွေဟာ နောင်တစ်ချိန် အမျိုးကိုစောင့်သိတဲ့ အမျိုးကို သစ္စာရှိတဲ့ စိတ် နည်းပါးလာပြီး ကပ္ပလီတွေ နိုင်ငံခြားသားတွေ ကိုယ့်နိုင်ငံသား အစစ်မဟုတ်တဲ့ တိုင်းတပါးသားတွေကို အထင်ကြီးတဲ့စိတ် လွန်ကဲလာကာ တိုင်းတစ်ပါးသားတွေ ရှိရာ တိုင်းတစ်ပါးကို ကောက်ကောက်ပါပါအောင် လိုက်ကြမယ် ဆိုတဲ့ အဓိပ္ပါယ်ပါ၊
“ဒို့ဗမာအမျိုးသမီးတွေ လက်ခေါက် မျက်ရေ သုတ်ရဦးမှာ”
ခုတော့လည်း အဖိုး ဆုံးရှာလေပြီ၊
တဘောင်တွေ အသက်ရှည်နေဆဲ……………………….

No comments:

Post a Comment