သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Thursday 28 March 2013

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ဆီသို့........



“An eye for an eye only ends
Up making the whole world blind”
“မျက်လုံး တစ်လုံးအတွက် နောက်ထပ် တစ်လုံးထပ်ပြီး
စတေးရရင် တကမ္ဘာလုံး မျက်ကန်းတွေ ဖြစ်ကုန်လိမ့်မယ်”
                                         (မဟတ္ထမ ဂန္ဓီ)
ဟောပြောပွဲလေး တခုမှာ စာရေးဆရာ တယောက် ဟောပြောတဲ့ ပညာတတ်တဲ့ ဥရောပသူ ဥရောပသားတွေ အကြောင်း နားထောင်လိုက်ရတော့ “ကောင်းလိုက်တာ” ကိုယ်တွေ ရင်ထဲမှာ ကြည်နူးလိုက် ဝမ်းနည်းလာလိုက် အမျိုးမျိုးသော ခံစားချက်တွေက တက်လာလိုက် ကျလာလိုက် ရှေ့တိုးနောက်ဆုတ် ငင်လို့၊
ကံရယ် ပညာရယ် ဝီရိယရယ် ဦးစားပေးတဲ့ နိုင်ငံတွေထဲ ကံကို မှီခိုလွန်းရတဲ့ နိုင်ငံဆိုတာ သိပ်ကို အန္တရာယ် ကြီးပါသတဲ့၊ ဟုတ်ပါတယ် ကိုယ်တွေ ငယ်ငယ်လေးကတည်းက ဘာပဲ လုပ်လုပ် ကံရဲ့ အလိုရလို့ သတ်မှတ်ပြီး ရှင်သန်လာခဲ့ရတာပါ၊ သူဋ္ဌေးကြီးဖြစ်ချင်တယ် ၊ ကံစီမံရာပေါ့၊ ဗိုလ်ကြီး ဖြစ်ချင်တယ် ၊ ကံစီမံရာပေါ့၊ ဒေါက်တာကြီးဖြစ်ချင်တယ် ၊ အို ……. ကံစီမံရာပေါ့၊ ဒီလို ပိတ်လှောင်မှုတွေနဲ့ မွန်းကျပ်နေတဲ့ နိုင်ငံကြီးထဲ ကိုယ်တွေက အသက်ရှုတွေ ကျပ်လို့၊
အဲ့ဒီမှာ ဆရာက မောင်ချောနွယ်ရဲ့ ကဗျာလေးကို ရွတ်ပြီး ဥရောပ သားတွေကို ချီးမွမ်းခန်းထုတ်လိုက်သေးသည်၊
“ လူသားတစ်ယောက် နဲ့ တစ်ယောက်
    နုညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့ ကျနော်က ရယ်သွမ်းသွေးလိုလှပါတယ်” တဲ့
ရေးသွားတဲ့ ကဗျာဆရာကြီး မောင်ချောနွယ် က မြန်မာပြည်မှာနေ ၊ မြန်မာပြည်ရဲ့ အရိုင်းပြိုင်ပွဲတွေပဲ မြင်သွားရရှာလို့ သူ ဝမ်းနည်းတယ် ဆိုတဲ့ အကြောင်း ဆရာက ဆွေးဆွေးမြေ့မြေ့လေးလဲ ပြောပြရှာပါတယ်၊
(ခုတ်မယ်ဟဲ့ ထစ်မယ်ဟဲ့ ကျော်မယ်ဟဲ့ ခွမယ်ဟဲ့ စသည်ဖြင့်ပေါ့ဗျာ)
ဥရောပရဲ့ “After you”  ဆိုတဲ့ ယဉ်ကျေးမှုလေး အကြောင်းလေး ကြားလိုက်ရတော့ ကိုယ်တွေမှာ ကြည်နူးလိုက်ရတာ…………
အဲ့ဒါ ဘာလဲ ဆိုရင် နိုင်ငံသားတွေနဲ့ နိုင်ငံခေါင်းဆောင် အမျိုးသား အမျိုးသမီးတွေရဲ့ ပညာရည် တတ်မြောက်မှု အဆင့်တန်းကြောင့်ပါပဲ တဲ့၊
ကိုယ်ကတော့ သတိတွေရတယ်၊
အော် ငါ့တို့ နိုင်ငံသူ နိုင်ငံသားတွေလဲ ပညာတတ်ကြရင်………………………..
(မှတ်ချက်။ ပညာတတ်တယ် ဆိုတာ ပညာနှင့်တူသော ပညာတတ်ကို ဆိုလိုခြင်းဖြစ်ပါသည်၊ စာရွက်တွေပေါ်က အမြှီးအညှောင့်သာသာ ပညာ ကို ဆိုလိုခြင်းမဟုတ် ၊ (ဒါကိုတော့ သိဖို့ လိုသည်))
ခုတလော မြန်မာနိုင်ငံရဲ့ အဖြစ်ပျက်တွေနဲ့ ပတ်သတ်ပြီး ဖေ့ဘုတ်က စတေးတပ်တော်တော် များများကို သေသေချာချာ စောင့်ဖတ်ဖြစ်သည်၊ တချို့တွေများ ဝမ်းနည်းစရာကောင်းသည်၊ ရေးထားလိုက်ကြပုံများ ဘာက အကြောင်းရင်း ဘာက အကျိုးဆက် ဆိုတာ သေသေချာချာ မစိစစ်တတ်ကြ၊
Face book သုံးတယ် ဆိုတာ ကိုယ်တွေ နိုင်ငံမှာတော့ မြို့ပြနေ အဆင်ပြေ လူတန်းစား တချို့တလေသာ သုံးနိုင်ကြတာပါ၊ အော် ဒီလိုလူတွေတောင် ဒီလိုတွေးခေါ်နေရင် ပညာမတတ်တဲ့ ငါတို့ နိုင်ငံရဲ့ ကျေးလတ် ပညာရေးအဆင့်တန်းချို့တဲ့ ရှာတဲ့ တောသူတောင်သားတွေဆို ဘယ်လို တွေးမလဲ၊ စိတ်မအေးရ၊
တလောက စတေးတပ်တခု ဖတ်လိုက်မိသေးသည် သေချာတော့ မမှတ်မိ၊ အဓိပ္ပါယ်ကတော့
“ စစ်ဖိနပ်တွေ အောက်သာ အရောက်ခံမည်၊ ကုလား ခြေထောက်အောက် အရောက် မခံလို” တဲ့
ဒါနဲ့ သူငယ်ချင်းက သူတို့ အညာရပ်က မြို့ပြလေး တခု အကြောင်းပြောပြသည်၊ မြို့လေးဟာ သေးငယ်ပေမဲ့ ကိုယ့်လူရေ ကုလား ၅၀ ၊ တိုင်းရင်းသား ၅၀ ပဲတဲ့
လွပ်လပ်ရေး ရခါစ တုန်းက သူတို့ မြို့လေးဟာ တိုင်းရင်းသား ၁၀၀ ကုလား သုံည ပါတဲ့
ကိုယ်တွေးတယ်… နောက်ထပ် အနှစ် နှစ်ဆယ်ကျော်သာ ထပ်ပြီး ဒီလူ ဒီဥပဒေ ဒီပညာမဲ့ အသိုင်းဝိုင်းကိုသာ ထပ် အုပ်ချုပ်ခိုင်းဦးမယ် ဆိုရင် ဒီမြို့လေးမှာ ကိုယ့် သူငယ်ချင်း ပြောပြတဲ့ ဒီမြို့လေးရဲ့ ကံကြမ္မာဟာ ကုလား ၁၀၀ တိုင်းရင်းသား သုံည ဖြစ်မသွားနိုင်ဘူးလား ????????????
ဟောပြောပွဲလေးမှာ အဲ့ဆရာ ပြောသွားတဲ့ ပညာတတ်မြောက်မှု ဆိုတာလေးကို ကိုယ်က အရမ်းသဘောကြသည်၊ ကိုယ်တွေ တတ်တဲ့ မြန်မာပြည်ရဲ့ ပညာရေးနဲ့ ပါတ်သတ်ပြီး ကိုယ့်ကို အင်္ဂလိပ်စာ သင်ပေးဖူးတဲ့ ဆရာရဲ့ မှတ်ချက်လေးကို သတိရမိသေးသည်၊
“ဦးဇင်းရေ တပည့်တော်ရထားတဲ့ ဘွဲ့တွေက နေရာ နှစ်နေရာ အသုံးကြတယ်ဘုရား၊
မင်္ဂလာဆောင်တဲ့ နေရာရယ်
တပည့်တော် သေသွားရင် အုတ်ဂူမှာ ကမ္ဗည်းရေးတဲ့ နေရာရယ်” တဲ့
ပညာတတ်မြောက်မှု၊ ပညာတတ်မြောက်မှု၊
အော် ……………….
ကဗျာဆရာ မောင်ချောနွယ်ရဲ့ ကဗျာလေးကို သတိရသည်။

“ မြစ်တွေရဲ့ အမှားကို မြိုချရင်း
   ပင်လယ်ဟာ
     ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့”  တဲ့
အဓိက ကိုယ်တွေ နိုင်ငံမှာ လက်ရှိပြဿနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မဲ့ နည်းလမ်းကတော့ နိုင်ငံရဲ့ ပညာတတ်မြောက်မှု ကို အဆများစွာ တိုးမြှင့်ရေးပင် ဖြစ်သည်၊ အနာဂါတ်သားကောင်းတို့အတွက် စစ်မှန်တဲ့ သားကောင်းတို့အတွက် ကိုယ်တွေ လိုအပ်နေတာ ဒုတ် ဓားတွေ မဟုတ်၊ မလိုအပ်ပဲ ထုတ်ပြချင်တတ်တဲ့ လက်ရုံးရေ တွေ မဟုတ်၊ ပညာမဲ့ အဖွဲ့စည်းကို တိုက်ခိုက်ဖို့ စစ်မှန်တဲ့ ပညာရေးတွေနဲ့ ထုံမွှမ်းထားတဲ့စစ်မှန်တဲ့ နှလုံးရည်တွေ ပင်ဖြစ်သည်၊ စဉ်းစားတွေးခေါ်တတ်တဲ့ ပညာနဲ့ ကိုယ်တို့ နိုင်ငံကြီးကိုသာ ဖွံ့ဖြိုးတိုးတက်အောင် စည်းကမ်းရှိအောင် တည်ဆောက် နိုင်ခဲ့မယ်ဆိုရင်….
ယနေ့ အင်တာနက်တွေ ဂလိုဘယ်လိုက်ဇေရှင်းလို ကမ္ဘာရွာ ခေတ်ကြီးမှာ ကုလားမှ မဟုတ် ကုလားထက် အဆတရာ ဆိုးတဲ့ ဘယ်လို လူမျိုးကိုမဆို ငါတို့ မြန်မာ သည် ကြောက်စရာမလို၊
ဗုဒ္ဓရှင်တော် မြတ်ဘုရားသည် ပညာဓိက ဘုရားဖြစ်တော်မူသည်ကို မမေ့လျော့ကြစေလို၊
၄၅ နှစ် ထဲနဲ့ အဲ့ ခေတ်ရဲ့ အင်အားကြီး တိုင်းနိုင်ငံတွေမှာ ဓမ္မအလံကို အောင်မြင်စွာ တလူလူ လွှင့်တော် မူခဲ့တာ သေနတ် သံတွေဖြင့် မဟုတ်၊ ဓားတွေ ဒုတ်တွေနှင့် မဟုတ်၊ ပညာ နှင့် သိမ်းပိုက်တော်မူတာ မမေ့စေလိုပါ၊
 ………………………………………………………………………………..
ရုတ်ရုတ်သဲသဲ…..
တစ်မြို့လုံးမီးလုံးကြီးအောက်ရောက်နေသည်။ရပ်ကွက်အားလုံးပွက်လောရိုက်နေကြသည်။
ခေါ်မကြား..အော်မကြား..။အားလုံးစိုးရိမ်ထိတ်လန့်အော်ဟစ်နေကြသည်။
ရပ်ကွက်တစ်ခုဆီပုန်းလျှိုးကွယ်လျှိုးအရဲစွန့်ကာ သူ တိုးလာခဲ့သည်။
ခန္ဓာကိုယ်ကိုဖုံးကွယ်စရာဘာမှမရှိတော့...။

`ဟေ့မင်းဘယ်သူလဲ?
မာကြောလှသောအသံကြောင့်လိပ်ပြာလွင့်မတတ်ဖြစ်သွားသည်။အလန့်တကြားနောက်ဆုတ်လိုက်မိသည်။ ရှေ့မှာအန္တရာယ်…။
သွေးစွန်းဓားရှည်ကိုင်ထားသောလူသန်ကြီးတစ်ယောက်ခုတ်ဖို့ပိုင်းဖို့အသင့်အနေအထား…။
`မကြားဘူးလား.. မေးနေတာ.. မင်းဘယ်သူလဲ? ဟိန္ဒူလား မွတ်စလင်လား?
စိတ်မရှည်ဟန်ထပ်မေးနေသည်။သူစိုးထိတ်စွာစိုက်ကြည့်နေမိသည်။
`မင်းမှာ ပါးစပ်မပါဘူးလား?ပြောလေ....မင်းဘယ်သူလဲ? အလ်လာ(ဟ်)ကိုကိုးကွယ်တာလား,ဘဂ၀န်ကိုကိုး ကွယ်တာလား?
ဓားသမားအသံပိုကျယ်လာသည်။
`အလ်လာ(ဟ်)ကို`
လွှတ်ကနဲထွက်သွားသည်။
အလ်လာ(ဟ်)အသံကြားတော့ဓားသမားပျော့သွားသည်။
`ကိုယ့်အမျိုးတွေပဲ..ကောင်လေး..နားထောင်..ဒီကနေအမြန်ထွက်သွား..ပုန်းပြီးသွား..ဟိန္ဒူတွေမင်းကိုသတ် လိမ့်မယ်။`
သူ အမှောင်ထဲတိုးဝင်လိုက်သည်။စမ်းတ၀ါးဝါးနှင့် ရှေ့တိုးလာခဲ့သည်။
ခပ်လှမ်းလှမ်းအရောက်တွင်တုန့်ကနဲရပ်လိုက်ရပြန်သည်။ ရှေ့မှာအန္တရာယ်..။
`မင်းဘယ်သူလဲ?ဟိန္ဒူလား....မွတ်စလင်လား? ဘဂ၀န်ကိုကိုးကွယ်တာလား? အလ်လာ(ဟ်)ကိုကိုးကွယ် တာလား?
အသံမှာကြောက်စရာကောင်းလှသည်။
ကြောက်စိတ်များမိုးထိနေပေပြီ။
`ဘဂ၀န်ကို`
ဘယ်လိုထွက်သွားသည်မသိ။
`ဟေ မင်းဒီမှာ ဘာလာလုပ်နေတာလဲ? ထွက်သွားစမ်း..မွတ်စလင်တွေ တွေ့လိုက်လို့ကတော့ မင်း သေပြီ သာမှတ်..။`
အားလုံးအမှောင်ထုထဲနစ်နေဆဲဖြစ်သည်။

(၂၀၀၈-ခုနှစ်ဖေဖေါ်ဝါရီလထုတ်,ခုဗ်ဆူရတ်အန်ဒဂ်ျမဂ္ဂဇင်းမှအန်ကူး(ရ်)ဆက်ဆေနာ၏ မယ်ကွန်း(န်)ဟူ(န်)(ငါဘယ်သူလဲ) ဆိုတဲ့ ဝတ္ထုတိုလေးကို ဘလော့ဂါ စာရေးဆရာကိုနော ဘာသာပြန်ဆိုထားတာလေးပါ)
ကိုယ်တွေ နိုင်ငံလည်း အမှောင်ထုထဲမှာ …………………

                                                                   (သာကီလုလင်)

No comments:

Post a Comment