သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 4 March 2013

ငါ မြတ်နိုးတဲ့ မင်းမှာ

ငါ မြတ်နိုးတဲ့ မင်းမှာ
ဗုဒ္ဓ ဓမ္မတွေ ထွန်းကားပါရဲ့လား....

ငါ မြတ်နိုးတဲ့ မင်းမှာ
ငပိသံ ပါတဲ့
ပိတောက် ခေါ်သံကို
တကယ်မှ ကြားဖူးချင်ရဲ့လား.....

ငါ မြတ်နိုးတဲ့ မင်းမှာ
ချောင်း တကာ
မြောင်း တကာ
ရွှံ့နင်းသံ အားပါပါနဲ့
ငါးမျှားဖူးတဲ့ ရာဇဝင် ရှိပါရဲ့လား....

ငါ မြတ်နိုးတဲ့ မင်းမှာ
ရိုးမ ၃ ဖြာ နဲ့
မြစ်ကြီး ၄ စင်း အကြောင်း
ယောင်တောင်တောင် လေးတောင်
ကြားဖူးပါရဲ့လား.....

ငါ မြတ်နိုးတဲ့ မင်းမှာ.........
ငါမြတ်နိုးတဲ့ မင်းမှာ..............
ငါမြတ်နိုးတဲ့ မင်းမှာ.............
ငါမြတ်နိုးတဲ့ မင်းမှာ................

ရာဇဝင် ချီလာရင်
ချပြစရာ မရှိတဲ့
သမိုင်းရဲ့ တရားခံတွေ ဖြစ်ဖို့
အားအင်တွေများ ရှိပါရဲ့လား..........

(သာကီလုလင်)

No comments:

Post a Comment