သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 30 August 2013

“ဘာသာနေ့ သာကီ့အထူးမဟာသီရိဓမ္မာ ဘာညာသာရကာ ဧရာမ ဒဏ္ဍာရီတော်ကြီး”

ပျင်းပျင်းရှိနေတဲ့ ဘဝတွေ များလာ လေစွတကားးးး
ရှင်သစ္စာ ရှင်စက္က တို့ဆီရောက် ဟိုမရောက် ဒီမရောက် ပေါက်တတ်ကရများ လေပွ
ဒီလိုပါပဲ ငယ်ဟောင်း ဆွေဟောင်းတွေ ပြန်တွေ့ရင် စကားလုံးတွေက ဆီငယ်ရေပေါက်တွေလိုပဲ….
ထေရ်ရှင် နှစ်ပါးခမျာ ကိုယ့်လေအောက် ပျားပျားမှောက်
နဖူးတွန့် ဒူးကွေး ပါးစပ်ဟ ခါး လိမ်ကွကွနဲ့ နားသောတ ဆင်လိုက်ရရှာကြ
ကြုံကွဲ ဆုံကွဲ တွေထဲ အနတ္တတွေက ထိုးကြိတ်ထားတဲ့ နဂိုမူရင်းလေးအတိုင်းပါပဲ
အချိန်တန်တော့လဲ ပြန်လာရ….
ဆိုင်ကယ်တစင်းပေါ် ခွတတ် တကယ့်ကို မသင့်တော်တဲ့ ရဟန်းနဲ့ စတိုင်ကြား
ထီးတလက်နဲ့ ကာကွယ်ပေးခဲ့
ဗန်မော်ဆရာတော်ရဲ့ အခင်းသွား စနစ်လိုပဲသဘောထား မျက်နှာတွေကို ကိုးကားမနေခဲ့တော့ပါဘူး
ဒီလိုနဲ့ ကြုံကြုံခြင်း ကားပေါ်တတ် တကယ်တော့ မြို့ထဲ ဆိုတာကလွဲရင် ဘယ်လို သက်ပုံ မျိုးမှ ကြိုတင်သိမထားခဲ့ လှည်းတန်း လား ဆူးလေ လားးးး
နဝဒေး လမ်းမကြီးပေါ်မှာ လမ်းမှားနေတဲ့ ရဟန်းတပါး
“မျက်နှာချိုသွေးထားလဲ သမိုင်းက သနားလိမ့်မယ် မဟုတ်” တဲ့
ငိုချင်ချင် မျက်နှာထားနဲ့ ပြည်၊ လှည်းတန်းနဲ့ ရန်ကုန်တက္ကသိုလ် အဓိပတိ မကွဲပြား
ကဲ ဘယ်လောက်တောင် ဗဟုသုတ နည်းလိုက်လေသလဲ
နိုင်ငံခြား ယူနီဗာ မှာ စိန်ပန်းရိပ်တွေ နင်းလာတဲ့ သူက ခုတော့ မိခင် အဓိပတိမှာ မျက်စိလည်ရပါသတဲ့
ကိစ္စမရှိ မျက်စိမှိတ်လှမ်းလျှောက်
လမ်းဆုံးရင်တော့ ရွာတွေ့မှာပဲ
လူက မက်တပ်လိုက်ဖို့ သင့်တော်ပေမဲ့ သင်္ကန်းက မက်တပ်လိုက်ရတာ မသင့်တော်ပြန်ဘူးတဲ့
ဒီလိုနဲ့ လိုင်းကားကြီးတွေပေါ် သံဃာတော်များ ဦးစားပေး ဝါကျနဲ့ တမတ်တောင် မပေးရပဲ ထိုင်ခုံ အလကားရ “အဟေးဟေး ပျော်သဟ အကုန်ကျ သက်သာတယ၊် တက္ကစီ စီးရတာထက် လိုင်းကားတွေ စီးရတာ အဲ့ဒါတွေ တွက်ချေ ကိုက်တာ ငှဲငှဲ”
တာမွေဈေးရောက် ထိုးထိုးထောင်ထောင် ခေါင်းပေါင်းနဲ့ ဗလီကြား ရင်တမမနဲ့ လမ်းသလား
ဒါ ငါ့တို့ နိုင်ငံလားဟ
အရေးထဲ စီတီဇင် မှားနေလား လို့ တွေးရသေး
ဟုတ်တယ်လေ
ဘယ်ကြည့်ကြည့် အင်းဂရိ လိုပဲ ရေးရေး ထားကြတာကိုဂျာ
“ညက်စိလည်ဒါပေါ့ရို့ တားဂ အင်းဂိချာ မှ မတက်ထှာရယ်”
ကျောင်းရောက် ရေချိုး
စူပါဝမ်းပေါ်တတ် ဈေးဝယ်ရင်းနဲ့ ငပိရေချက်
ပဲများတဲ့ ရဟန်းတစ်ပါး ချောင်းဆိုးခြင်းက အလှပျက်စေသဗျ
သင်္ကန်းက နေပေမဲ့ လူက မနေတော့ အဲ့လိုပဲ အစိုးမရချင်းတွေက သင်္ခါရဆန်တယ်။
ဒီနေ့ အဖို့ကတော့ ကမ္ဘာ့ အရှည်လျှားဆုံး ဒဏ္ဍာရီ ဖြစ်နေမလား
ညကျရင်လည်း ဟိုလူတွေ ခိုင်းထားတဲ့ ဟိုကိစ္စက လုပ်ရဦးမယ်
လေဘာဒယ်ဂျာ ဂယ်ဘာပဲ………….

1 comment:

  1. လမ်းမှားနေတဲ့သူများအတွက်
    “မျက်နှာချိုသွေးထားလဲ သမိုင်းက သနားလိမ့်မယ် မဟုတ်”
    တာမွေဈေးရောက် ထိုးထိုးထောင်ထောင် ခေါင်းပေါင်းနဲ့ ဗလီကြား ရင်တမမနဲ့ လမ်းသလား
    ဒါ ငါ့တို့ နိုင်ငံလားဟ
    ထီးတလက်နဲ့ ကာကွယ်ပေးခဲ့
    ဗန်မော်ဆရာတော်ရဲ့ အခင်းသွား စနစ်လိုပဲသဘောထား
    မျက်နှာတွေကို ကိုးကားမနေခဲ့တော့ပါဘူး

    ReplyDelete