ငှက်ခါး ပြန်ပါတော့
အလွမ်းတောထဲ
နှစ်သိမ့်
နေစိမ့်တဲ့
နှုတ်ခမ်းတွေ ကြွေရော့မယ်တဲ့လေ
သံစဉ်တွေရှား
နေ့စားနဲ့ ဖျားဖျားနေရတဲ့
ရင်ဘတ်တခြမ်းက
ကမ္ဘာမကြေ
စာသားကြား ဖိနပ်ပျောက်တဲ့ လူသား ဖြစ်ခဲ့လေပြီလား ငှက်ခါးငယ်
အပျက်ပျက်နဲ့
တရက်တရက်
ရှုသွင်းရှိုက်သွင်းနေရတဲ့
လျှော့ရဲရဲ အသက်ရူသံတွေတောင်
ထနောင်းရိပ်တွေကြား
ပပျောက်လုပေါ့ ငှက်ခါးငယ်
နင်သိလား
လောကဓံဆိုတာ
တောပြန်ဂီတနဲ့ အော်ကြောလန်ဘဝများကို
ပျိုးထောင်
စိုက်ပျိုးပါသတဲ့လေ
ယုန်ထင်ကြောင်ထင်လေး
လှရတဲ့ သင်္ခါရ
ဆန်ဆန် ပါးမို့မို့မှာ
ခုလို ညချုပ်ရီဆို
သနပ်ခါးရနံ့တို့
ကွန်းခို
အိပ်စက် အနားယူနေလောက်ပေါ့
ဖြစ်ပျက်သမျှ
ရင်နာရမယ် ဆိုတောင်
လှေနံစောင်းနဲ့
ငါလို လမ်းမှား လူက
တချို့လူတွေ
အတွက်တော့
သုံးပြီးသား
မှင်စက်တစ်စက် ဖြစ်နေလေမလား ငှက်ခါးငယ်
ထားလိုက်ပါလေ
တိတ်ဆိတ်ခြင်းတိုင်း
ခြောက်လှန့်ခံရရှာတဲ့
ရင်ဘတ်ရဲ့
ညာဘက် ညွှန့်တွေလဲ
ခုလို ဖုန်ထူခါခါ
နွေညကြား
ယိမ်းနွဲ့
ခွေလျ
ငှက်ခါးရဲ့
ညတွေလဲ အိပ်စက်ခြင်းနဲ့
ယနေ့ သာယာပါစ................
No comments:
Post a Comment