သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 24 September 2013

international သာသနာ ပြု ........


တိဗက်(Tibet) ဆိုတဲ့ လူတွေက နိုင်ငံပျောက်ပြီး ဟိုနိုင်ငံကပ် ဒီနိုင်ငံကပ်နဲ့ အတည်တကျ နေစရာသာ မရှိတာ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာတရားကိုကျတော့ ကမ္ဘာကို ထိုးဖေါက်နိုင်စွမ်း အပြည့်ရှိပါတယ်။
အဲ့ဒါဘာလဲ ဆိုရင် တိဗက်ခေတ်လူငယ်နဲ့ ရဟန်းတော်တွေရဲ့ ဘာသာစကားကျွမ်းကျင်မှုနဲ့ ဘာသာခြားတွေ မေးလာရင် ဖြေနိုင်ဖို့ “ပွဲမဝင်ခင် အပြင်က ကျင်းပ” ဆိုတဲ့အတိုင်း ဗုဒ္ဓဝါဒရဲ့ ပျော့ကွက်၊ ဟာကွက်နဲ့ လိုအပ်ချက်တွေကို အချင်းချင်း ကြိုတင် ညှိုနှိုင်း ထောက်ပြပြီး ပြင်ဆင်ထားနိုင်တဲ့ စွမ်းရည်ကြောင့်ပါပဲ၊
မြန်မာပြည်မှာတော့ တချိန်က အာဏာရ ဘုန်းတော်ကြီးများရဲ့ ဘာသာစကားကွဲပြားရင် “ခွေးစာ” လို့ သတ်မှတ်ထားတဲ့ ဘောင်ကျဉ်းကျဉ်းလေးကို မဆန့်ကျင်ရဲခဲ့ကြလို့ international  သာသနာပြု ဆိုတဲ့ ဆိုင်းဘုတ်အောက်က ဘုန်းတော်ကြီးတော်တော်များများဟာ ဒယ်အိုးဆရာတော် ပြောသလို စင်္ကာပူရောက် မြန်မာများကို တရားဟောပြရုံ၊ မလေးရှားရောက် မြန်မာများကို တရားဟောပြရုံနဲ့ ပြည်ပ သာသနာပြုဆိုပြီး လူထင်ကြီး ပက်ပက်စက်စက် ခံပြစ်လိုက်တော့တာပါပဲ၊
အာဏာရှင်အစိုးရလက်ထက်က သတင်းလှောင်ထားတဲ့ media အုပ်စုက ထေရဝါဒဗုဒ္ဓဘာသာနဲ့ ပတ်သတ်ရင် မြန်မာပြည်က ဘယ်လို ဦးဆောင်တာ၊ ညာလို ဦးဆောင်တာနဲ့ ဆဋ္ဌသံင်္ဂါယနာလေးပြပြပြီး ဘယ်လောက်ပင် ကြွားဝါ ရေးနေလင့်ကစား တကယ်တမ်း ခုလို သတင်းပွင့်လင်း ခေတ်မှာ ပြန်ကြည့်ရင် သီရိလင်္ကာသာသနာပြု ထေရ်တွေရဲ့ ခြေဖျားတောင် မနည်းလိုက်ရမဲ့ အခြေနေဟာ ငြင်းမရတဲ့ မြန်မာပြည်သာသနာရဲ့ ကျဆုံးမှု အဖြစ် ဝမ်းနည်းစရာပါ၊
အရင်ဘုရင်များ လက်ထက် မုဆိုးမ တယောက်ကို ဘုရားတဆူတည်တဲ့ ခေတ်က လွဲ၊
ခု ဗိုလ်ချုပ်တစ်ယောက်ကို ဘုရားတစ်ဆူတည်တဲ့ ခေတ်မှာ နိုင်ငံခြား တကယ်သာသနာပြုနေတဲ့ ထေရ်ရှင်တွေဟာ အစိုးရဆီက သေချာတိကျတဲ့ ထောက်ပံ့ အားပေးမှုကို မရခဲ့တာ အမှန်ပါပဲ၊
(လူတွေ မပြောနဲ့ ကိုယ်တွေ ကျောင်းတက်နေတုန်း passport သက်တမ်းတွေ ဘာတွေ ကုန်လို့ သက်တမ်းတိုးဖို့လေးတောင် သံရုံးမှာ မျက်တောင်လေး ပေကလပ် ပေကလပ်လုပ်၊ ခြေသလုံး ဖက်ထားရမတတ် တောင်ပန်းတိုလျိုးရတာတောင် အငေါက်ခံရသေးတာရယ်)
သာသနာကို တကယ် ထောက်ပံ့ချင်တယ်ဆိုရင် တကယ်လုပ်နေတဲ့ ပြည်တွင်း ပြည်ပ သာသနာပြု ထေရ်ရှင်တွေကို သင်္ကန်းသွားကပ်နေစရာ မလိုပါဘူး၊
နောက်ကနေ ဝမ်းမြောက်တဲ့ စိတ်ထားနဲ့ လက်ခုပ်တီးပြီး သာဓုခေါ် အားပေးနေတယ် ဆိုရင်ပဲ ကျေနပ်စရာပါ၊
တကယ်တမ်း မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ဓလေ့ဟာ ဗုဒ္ဓဘာသာနဲ့ ခွဲခြားလို့ မရတဲ့ အတွက်
ဂျပန်နဲ့ ဇင်ဝါဒလိုပဲ သာသနာပြု ထေရ်ရှင်တွေကနေ တဆင့်တောင် ကိုယ့်နိုင်ငံ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေ အကြောင်း တကမ္ဘာလုံး ကြားအောင် ပြောပြလို့တောင် ရပါသေးတယ်…………..


No comments:

Post a Comment