သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 17 September 2013

ဒီလိုဆို တရားခံ ဘယ်သူလဲ .............


ကုလား သတ်လို့ သေတဲ့ မသာနဲ့
အစိုးရ သတ်လို့ သေတဲ့ မသာတဲ့လေ
မေးချင်သေးတယ်

နိုင်ငံ ဆင်းရဲတာ ကုလားကြောင့်လား?

ဗီယက်နမ်လို လွပ်လပ်ရေး ရတာ လက်ချိုးရေလို့ ရသေးတဲ့ နိုင်ငံလေးမှာ လမ်းဘေး ကြိုက်တဲ့ နေရာ ဖုန်းကတ် ဝယ်သုံးနေတဲ့ အချိန် ကံ စနစ်နဲ့ မဲဖေါက်ကောင်းနေတာ ဘယ်သူတွေလဲ ?

အဝတ်စားတောင် ကုလသမဂ္ဂ အကူညီနဲ့ နေရတဲ့ ကမ္ဘောဒီးယားလို နိုင်ငံလေး အောက်ကို  လေးငါးနှစ်အတွင်း စီးပွါးရေးဝင်ငွေ ချွတ်ချုံကြသွားအောင် လုပ်ခဲ့တာ ဘယ်သူတွေလဲ ?

ကျောင်းတော်ကြီးထဲက မထွက်တဲ့ ပိဋကတ်စာ အသိဥာဏ်လောက်နဲ့များ သင်္ချာ တွက်ချင်နေတဲ့ သူတစ်ယောက်နှစ်ယောက် ပြောတာ အဟုတ်ကြီး မှတ် ကမ္ဘာ့ အလယ်မှာ သင်္ကန်းမြင်ရင် နှာခေါင်းရှုံ့အောင် လုပ်ခဲ့တာ ဘယ်သူတွေလဲ ?

အမျိုးကို ချစ်တယ် ချစ်တယ်နဲ့ အရင်းမြစ် အသိဥာဏ် ချာတုံး လူ့ နလပိန်းတုံးတွေ ဖြစ်စေဆိုပြီး ပညာရေး သူခိုးစနစ် ဖန်တီးခဲ့တာ ဘယ်သူတွေလဲ ?

သင်္ကန်းက လုပ်စားဖြစ်၊ နိုင်ငံတဝှမ်း ချီးပေရဟန်းတွေ ထူထောင် စာသင်သားနဲ့ အစစ်မှန် သံဃာတွေ ဆွမ်းခံအိမ်လေးတောင် လွပ်လွပ်လပ်လပ် မဖိတ်ရဲလောက်အောင်၊ မျက်နှာညှိုးအောင် လုပ်ခဲ့တာ ဘယ်သူတွေလဲ ?

ဘာသာရေးဗန်းပြ၊ ဘုရား တရား သံဃာကိုများ ကလင်တာကျ တီထွင်ထား
“ နိုင်ငံဆင်းရဲတာ ဗုဒ္ဓဘာသာကြောင့်ပါဗျာ” ဆိုပြီး နိုင်ငံတကာကို လက်ညှိုးထိုးပြချင်နေတာ ဘယ်သူတွေလဲ ?

ကမ္ဘာ့ ပါတီအများဆုံးနဲ့ ဒေါက်တာကြီးများ မှိုလိုပေါက်ရာ နိုင်ငံမှာ ဘွဲ့ရတွေ လက်နက်ချ အလုပ်လက်မဲ့ဖြစ်အောင်  လုပ်ခဲ့တာ ဘယ်သူတွေလဲ ?

သည်းချေကြိုက်လေး မေးရဦးမယ်
လွန်ခဲတဲ့ အနှစ် ၂၀ ကျော်က ၅% ရာခိုင်းနှုန်းလောက်ကနေ ၁၅% ရာခိုင်နှုန်းလောက်ထိ နိုင်ငံတွင်း မူဆလင်ဦးရေ တိုးတက်လာအောင် ကူညီပေးခဲ့တာ ဘယ်သူတွေလဲ ?

တောင်ရှည် ခေါင်းပေါင်းကြီးများ ဟန်ကျ ပန်ကျ ဝတ်
လယ်သမားတွေ အရေးမှာ အိပ်ပျော်ပြခဲ့ကြတာ ဘယ်သူတွေလဲ ?

အဟ…….. ရယ်ချင်တယ်
ဂျပန်လို ဘာဖြစ်ရမယ် ညာဖြစ်ရမယ်…………..
ကိုရီးယားလို ဘာဖြစ်ရမယ် ညာဖြစ်ရမယ်……………….
မတောက်တခေါက် သွေးရူးသွေးတန်း မျိုးချစ်စိတ်ဓာတ်နဲ့များ
နှိုင်းမှ နှိုင်းရက်ပလေတယ်၊
အများကြီး မပြောဘူး ဗီယက်ကောင်းတွေနဲ့ အိမ်နီးချင်း ဟိန္ဒီလူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို မှီဖို့တောင်
နောက် အနှစ် ငါးသောင်းလောက်(ဒါတောင်လျှော့ပြောတာနော်)
ဒီပုံစံ ဒီ အချိုးမျိုးနဲ့တော့ အကြီးကြီး ပြောလိုက်မယ် ။
စောင့်

No comments:

Post a Comment