သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Sunday 15 September 2013

Analyse...........

အဆင်မပြေမှုတွေနဲ့
စနစ်တကျ လွဲချော်မှုတွေ က
အံချော်နေတဲ့ ဒိဋ္ဌိတရားတွေထဲ ခိုနား

ဘဝရဲ့ ဂီတမှာ
အစာရေစာ ရှားတဲ့
ငါးတစ်ကောင်
လှောင်ရယ်သံကိုတောင်
ကြောင်တောင်တောင် မက်မောနေတုန်းလေ

ဇာတ်ဆောင် မရှိတဲ့ ညတွေထဲ
ကိုယ့်ခန္ဓာကိုယ် ခွဲ
ငါဆိုတာ အတုလား အစစ်လား
တပဲခြောက်ပြား ဈေးမှာ
ကိုယ်ပိုင်အသွေးသားတို့ တန်ဖိုးကျခဲ့ပေါ့……………………..

No comments:

Post a Comment