သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Friday 27 September 2013

တော ပစ်

ပုံပန်းမလာ
အနာဂတ်ရဲ့ ဆေးဆိုးပန်းရိုက် အလှတွေထဲ
မိန်းမောသွားလေလား
ဟော့ဒီမှာ
`ခြေစုံရပ် ဘဝကိုတော့ သားရယ်
လောင်းကြေးမထပ်လေနဲ့` တဲ့
ဗေဒင်ဆရာမရဲ့ မျက်ဝန်းလွှာကြား
နက္ခတ်မှားတို့ ပြေးလွှား
ဒီ အံတိုနေတဲ့ ဒိဝသတွေပဲ
ကောက်ကောက်တပ်ရင်း
မြင်းစီး ခရီးနှင်ခဲ့ပေါ့.......

No comments:

Post a Comment