သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 1 October 2013

“ကြယ်တွေကို ရိုက်တဲ့ ကြိမ်သံ”


ဆရာဇော်ဂျီ နဲ့ မင်းသုဝဏ် တို့ကို စင်တင်ပေးခဲတဲ့
ဆရာကြီး ဖေမောင်တင်ရဲ့ မှတ်ချက်စကားလေး တခု မှတ်သားရဖူးသည်၊
“နောက်လူက ရှေ့ကလူထက် မတော်ရင် လောကကြီး နိမ့်ဆင်းသွားမှာပေါ့”
                          …………………………………………………………..
သိုးကျောင်း ဆရာကြီးတွေ ကြိမ်စကြ်ာ အောက်မှာ အချိုးကျ ဝပ်တွားခဲ့ရဘူးတဲ့ သိုးငယ်တကောင်ရဲ့
အတိတ်တွေဟာ လွမ်းမောစရာပါ၊
“မင်းတို့တွေ ကြီးမှ ငါ့ကြိမ်လုံးကို မလွမ်းနဲ့” လို့ ဘဝနဲ့ ရင်းပြီး ဆုံးမရှာတဲ့ ဆရာသမားရဲ့ စကားကို ကိုယ်က
နှုတ်ခမ်းကိုက် မဲ့  ရွဲ့၊
ခုတော့လဲ younger men ဘဝတွေနဲ့ အတိတ်ရဲ့ တံခါးတွေမှာ ကြိမ်လုံးသံနဲ့ ဆုံးမစကားတွေ ဆိတ်သုန်းခဲ့တာ ကြာပေါ့၊
ကိုယ်နဲ့ ဆရာသမားတွေက နယ်ခြား မြေခြား၊
“မင်းမှတ်ထား ဘဝမှာ ဆရာသမားကောင်း ဆိုတာ မင်းအတွက် အမြဲတမ်း အမှန်တရားပဲ၊
ဘာဖြစ်လို့လဲ ဆိုတာ ဆရာသမားကောင်းဆိုတာ သူ့ကောင်းကျိုး အတွက် တပဲ့တွေရဲ့ ဘဝကို ဘယ်တော့မှ ချ မနင်းတတ်ကြလို့ပဲ၊ ဒါကို တပည့်လုပ်တဲ့ မင်းက မြင်ပေးတတ်မှ ရမယ် ”
ခေါင်းအုံးထက်က အတွေးစတွေကို ဘယ်သူ စိုက်ပျိုးခဲ့ပါသလဲ? ဆိုတာမျိုးနဲ့ ကိုယ်က သဲ့သဲ့သာ ပြန်ကြားနေမိဆဲ……..
                                     ………………………………………………………….
“ဟဲ့ မောင်လွင် လာခဲ့ မင်းဟာ နောင်တချိန် တိုင်းပြည် အုပ်ချုပ် မင်းလုပ်ရမဲ့ အိမ်ရှေ့စံ မင်းသား၊ ဒီ ငါးခြောက်ပြားလေးမှ မထိန်းသိမ်းနိုင်ရင် နောင် ဘုရင်ဖြစ်သွားရင် မင်းတိုင်းပြည်ကို မင်း ဘယ်လို ထိန်းသိမ်း အုပ်ချုပ်မလဲ”
ဗြဟ္မစိုရ် ကြိမ်လုံး ဝင့်သံတွေကနေ အိမ်ရှေ့စံ ချာတိတ် မောင်လွင်ဟာ နောင်အချိန် ထေရဝါဒ သမိုင်းခေတ် တစ်ခုကို ထူထောင်နိုင်ခဲ့လောက်အောင် အထိ အထောက်ကူ ပြုခဲ့လေ၏ တဲ့
ကိုယ်လည်း…………
                              ……………………………………………………………….
“အနောက်တောင်
မီးတောက်တွေကနေ
ဟိုး….. ကြယ်ပျပျတွေ အထိ
ငါ့ကို ခပ်ရိုင်းရိုင်းလေးပဲ
လှော်ခတ်ကြ
 လှော်ခတ်ကြစမ်းပါ ကွဲ့” ……..  
                  
ဗုဒ္ဓအရှင်ကတော့ မြင်းဆရာကြီး ကေသိ နဲ့ စကားစမြည် မှာ……
တပည့်တွေကို ဆုံးမနည်း ၃ မျိုး သင်ပြတော်မူခဲ့ပါသတဲ့၊
အနုနည်း ဆုံးမနည်း၊(သုစရိုက်တရားနဲ့ နတ်ပြည်ကို ပြပြီး ဆုံးမနည်း)
အကြမ်းနည်း ဆုံးမနည်း၊(ဒုစရိုက်တရားနဲ့ ငရဲ တိရစ္ဆာန် အပါယ် ၄ဘုံကို ပြပြီး ဆုံးမနည်း)
အဲ့လိုမှ မရရင် “သတ်ပြစ်တယ် ပ” ဆိုတော့ ဆရာကြီး ခမျာ ပါးစပ်လေးဟ၊ ကိုယ်လေးကြုံ့ ၊ ထိန့်လန့်သွားတဲ့ မျက်လုံး အစုံနဲ့
“ အရှင်ဘုရားနှယ် သူများတကာတွေ ပြောတော့ ကိုယ်တော်က always avoid from killing ဆိုဗျ၊ ဘယ်နှာ့ သတ်ပြစ်တယ်လို့ မိန့်ရသတုန်း” ဆိုတော့မှ
“ဒီလိုရှိတယ်ဗျ သတ်ပြစ်တယ် ဆိုတာ ဒီလူမိုက်သည် ငါ ဆုံးမထိုက်သော သူ မဟုတ် ဆိုပြီး၊ ထို့လူရဲ့ ကောင်းကျိုး ဆိုးကျိုး အတွက် ဘာတစ်ခွန်းသော စကားကိုမှ မပြောတော့ခြင်း ကို ဆိုတာပါ”  ဆိုတော့မှ
မြင်းထိန်းဆရာကြီး သဘောကျ၊ မျက်နှာ ပြဲပြဲကြီးက ကြယ်တွေ လ,တွေ ထွက်ကျမတတ် ဖြီးကျပြီး
အစ္ဆရိယံ ဝတ အဗ္ဘုတံ ဝတ ဆိုပြီး ထ သာဓုခေါ်လေ၏၊ တဲ့

“ ငါ ဖတ်ဖတ် မောတယ်ကွယ်၊
လောကဓံ အမှားနဲ့ စတဲ့ ယဉ်ကြောတွေသာ
သောက်သောက်လဲ ပြိုကျစေချင်ရဲ့”
                         
                                    (သာကီလုလင်)

No comments:

Post a Comment