သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Sunday 6 October 2013

မိငယ် လမ်းခွဲ........



တစ်ဘဝလုံးစာ အတွက်
ဖြန့်လျှောက်လိုက်စမ်းပါ
ရင်ဘတ်တွေ

ဖြစ်နိုင်မယ် ဆို
သံသရာ တဖဲ့လောက်
စားချင်လို့ ခပ်မဆိတ်
တိတ်တိတ်လေးပဲ
ထွက်ခဲ့ရဲ့

ကြည့်စမ်း ခွင့်မလွှတ်တမ်း မျက်ဝန်းမျိုးတွေနဲ့
ဒီမိုးတွေ မရွာအောင် ငါ့အတွက် တားပေးစမ်းပ

ဓမ္မတွေ တနင့်တပိုး
ကိုယ့်ကိုယ်ကို ခြုံငုံရတာ
သမိုင်းတခေတ် ကို ထူထောင် ရတာလောက်တော့
မစားသာ ဘူးပေါ့ မိငယ်

ဒီ လမ်း ကြမ်းချင် ကြမ်းစေတော့
ဒီ အလွမ်းနဲ့ ငါ့ကို
တိုးတိုးလေးသာ ထားခဲ့ကြစေတော့……..

No comments:

Post a Comment