သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 14 October 2013

နှင်းမှုန်တစက်ရဲ့ ဆောင်းဦးခြေတစ်ဖက်



ဆောင်းလေပြေ နုနု
ပြတင်းတွေကနေ
ဆင်းသက်လာ

ည,ဆိုတာ ခြင်,ဂျပိုး နဲ့
ခပ်ဆိုးဆိုး အလွမ်းတွေ
သယ်ပိုးထုတ်ရာ

ခြေလေးချောင်း သတ္တဝါထဲမှာ
ခုတင် ဖြစ်ရခြင်းဟာ
အသက်မဲ့ဆုံးပါ တဲ့

ကြက်ဖများနဲ့
မနက်တာတွေ
အနိစ္စ ကျုံ့ကျုံ့လေးထဲ နီးသထက် နီးသွား

စိန်ပန်းပြာ
တနေရာစာ အတွက်
အလွယ်လမ်း လိုက်ခဲ့ဖူးတဲ့
လူတစ်ယောက်ရဲ့ “လူလို လူ” နေ့ရက်များ

ဘယ်နှခုနှစ်မြောက်
ထုံးတမ်းစဉ်လာကြီးထဲ
ဆက်လက် သွေးပျက်နေမလဲ

ဂီတာတစ်လက် ရဲ့ ရာဇဝင်ထဲ
ခပ်အိုအို ဆည်းဆာတွေ
သက်တမ်းရှည် ဘိုးဘိုး တွေအဖြစ်
မှတ်ကျောက် တင်ခံကြ

ခဏခဏပါပဲကွယ်
“အကယ်၍” ဆိုတဲ့
စိုးရိမ်မှုတွေကြား
ငါ့ကို ထည့်ဖျော်ကြ

ငါက
တော်တော် ‘အ’  ဆိုပဲ

မိဘနှစ်ပါးရဲ့
ဆောင်းညတွေထဲ
ငါ့ကိုငါ နှင်းမှုန်တစက် အဖြစ် ဝင်စားရင်း
ခရီးသွားခဲ့တယ်……………

No comments:

Post a Comment