သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Sunday 27 October 2013

ညနေခင်း.....

ပြတင်း တံခါးကို
ဖွင့်

ကိုယ့်ကို ငုံ့ကြည့်နေတဲ့
ဆည်းဆာ မှာ
`နီးလာပြီ`ဆိုတဲ့
သံဝေဂတွေ ရွေ့လျှားနေရဲ့

တစ်စက္ကန့်လေးပဲ ဖြစ်ဖြစ်
နောက်ဆုတ်လို့ ရမယ်ဆို
မနက်ဖြန်ထဲက
ဆောင်းညိုညိုလေးထဲ
မသွားချင်သေးဘူးကွယ်

ဒီလိုနဲ့
လှုပ်ရင်း ရှားရင်း
ရုန်းရင်း ကန်ရင်း
ကိုယ်ပိုင် ထမင်းဘူးလေးတောင်
အေးခဲလာပေါ့......

No comments:

Post a Comment