သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 4 November 2013

လရိပ် တမ်းခြင်း

၁၂ ရာသီလုံးလုံး ပွင့်ခဲ့ရတဲ့ တိမ်တွေ
ဝရံတာ တဝှမ်းမှာ
ခြေချင်းလိမ်နေဆဲ

ပစ္စုပ္ပန် အဲ့အဲ့ကြီးထဲ
အနာဂါတ် မဲ့မဲ့တွေ တိုးဝင်သွားချိန်
အတိတ်တရားနဲ့ ငါ
တယောက်မျက်နှာ တယောက်
မျက်စိဒေါက်ထောက်
ရပ်, ကြောင်, ကြည့်

ဘဝဇာတိ ဒုက္ခထဲ
အဝိဇ္ဇာပစ္စယာ နဲ့ ခြေကန်ရုန်း မောဟတွေပဲ
ပိန်းပိန်းပိတ် မှောင်နေလို့လေ

"အို ….. လရိပ်စို
အသင့်အား လိုလားပါ၏"

ရှစ်တိုင်းရပ်ခွင်နှင့် စံပါယ်,နွယ်,မြက်ပင်တွေကြား
လက်လှမ်းမှီသလောက်လေး
ထိုထို ဤဤ
ဖြာကျစေသား…………..

(လင်းအိမ်နေ)

No comments:

Post a Comment