သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Thursday 14 November 2013

သမထရိုးနဲ့ ညဆိုးဆိုး...



အိပ်မက်ကူး ရွက်လှေများနဲ့
ဘဝဟာ
လိုင်းကား ဆန်တယ်၊

စိတ်တံခိုး နဲ့ တိမ်တွေလမ်းမှာ
ကြယ်စင် ဖမ်းဖို့ စောင့်ရင်း
ငိုက်မြည်းပါလာသူတဲ့လေ

အရာရာကို
သစ်ရွက်လို သင်္ခါရနဲ့ ခပ်ကြွားကြွား ရနံ့တွေစွဲ
“လတ်ဆတ်ဆဲ” “လတ်ဆတ်ဆဲ” လို့များ
ဘယ်ကောင်တွေ
ငါးစိမ်းသည်လို အော်နေပါလိမ့်

လှိုင်းရိပ်ပြာနဲ့ ငယ်လွမ်းနှောင်းတွေ
ခုနှစ်ထွေ အကနဲ့
ကျစ်ကျစ် ထုတ်ပိုး

ည,ဆိုတာ
အနေလဲ ရိုး
အသေလဲ ဆိုး မို့
သမထ နည်းနည်းတော့ ရိုကျိုးဖို့ လိုမယ် ထင်ရဲ့………….

(လင်းအိမ်နေ)

No comments:

Post a Comment