သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 9 November 2013

ပစ္စုပ္ပန် နဲ့ လမ်းလျှောက်ထွက်တဲ့ သူ



စိတ်တူ ကိုယ်ပါ ဆိုလို့
ဂျုံးဂျုံးကျ မှင်ပြာတွေသာ

ရက်ရာဇာ ပြဿဒါးနဲ့
ကမ္ဘာကြီးရဲ့ ကျောဖက်က
သဲတရှပ်ရှပ်နဲ့ ချဉ်းနင်းလာသူ
“ဘယ်သူပါလိမ့်”

ကံ,ပြောင်ပြောင်
လ,တန်ဆောင်းရဲ့
ဝါရ သက္ကရာဇ် များကြား
ည ပြာပြာတွေ
ခုန်ပေါက်လှနေဆဲပါလား

သံသယ ရောယှက်
ကပ်တီးကပ်ဖဲ့ အဲ့အကြည့်တွေ
ရုတ်သိမ်းပေးစမ်းပါ ကလေးရယ်

ကိုယ့်ပရိက္ခရာလေး ကိုယ် ထုပ်ပိုး
ဒကာတော် တာရာမင်းဝေကြီးလို ပြောကြည့်ချင်သေးတယ်
“မရှိခိုးနိုး မျက်နှာမျိုးနဲ့တော့
မိုးမကြည့်ရန် တောင်ပန်၏” လို့လေ

ကိုယ့် ပစ္စုပ္ပန်လေးနဲ့ ကိုယ်
နေလို လ,လိုလေး
တရွေ့ရွေ့
တရွေ့ရွေ့…………..

No comments:

Post a Comment