သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Thursday 7 November 2013

ကျေစေတော့.....

ပစ္စုပ္ပန်တည့်တည့်ကြီး ကောင်းကင်ဘုံနဲ့
ပိုပို နီးလာ

ဒီဘဝ ဒီမျှပဲလား
ကံ့ကူ လက်လှည့်တွေကြား
ဝဋ်ကြွေးပြေ သောကတွေလဲ
မိုး မချုပ် တချုပ်လေးမှာ
မီးပျက်သွားတဲ့ channel လို

ကိုယ့်ကိုယ်ကို မိတ်ဖွဲ့ရတာလောက်
စိတ်ဒုက္ခ ရောက်ရတဲ့ အဖြစ်မျိုးတွေ
နောင် သံသရာ အဆက်ဆက် အထိ

ကျေပါစေတော့
ကျေစေတော့.........

No comments:

Post a Comment