ခုတခါကတော့ အိန္ဒိယရောက် မြန်မာ တက္ကသိုလ်ကျောင်းသားတိုင်ြးေ ပာတတ်တဲ့ ထမင်း ဟင်းဒုက္ခပါပဲ...
ဟိန္ဒီထမင်း ဟိန္ဒီဟင်းက မည်သို့မျှပင် စားလို့မရ ဒုက္ခက မသေးလှဟု ဆိုကြသည်၊
ညနေဆို ကိုယ်တိုင် ဈေးခြင်းတောင်းကြီး ဆွဲ၊ ကားတားကားတားနှင့် ကုလား ဟင်းသီးဟင်းရွက် ဆိုင်တွေဆီ ချီတက်ရသည်။
ဒီကြားထဲ ကုလားစကားမတတ်တဲ့ လူကို ကုလားက ကုလားစကားနှင့် ရွမ်းရွမ်းဝေအောင် စကားလာပြောတတ်သေး၏။
သူက ခပ်တည်တည်နှင့် အိုကေ အိုကေ ဟု ဖော်လို လိုက်ပေးနေရ၏။
တကယ်တော့ တလုံးမှ နားမလည်၊
(မင်းနှမ ငါ့ပေးဟု ဆိုက အိုကေဟု ပြောမိရက်သား" သေပြီဆရာ" ပင်) သို့သော် မတတ်နိုင်၊
ကိုယ်မှ နားမလည်ပဲ၊
မနက်ဆို စချက်ရလေတော့၏။
ကျန်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကျောင်းသားတွေကတော့ ထမင်းနဲ့ ဟင်း စားလို့ မကောင်းကြောင်း အမေ့လက်ရာကို လွမ်းကြောင်း ငြီးကြသည်၊
သူကတော့ မငြီး...
သူ့အတွက် ဟင်းချက်ခြင်း ဟူသော အမှု ကိစ္စသည် အလွန်ပင် သေးငယ်လှ၍ ခေတ်စကားနဲ့ ပြောရသော် မိုင်နာ ကျလှသော အလုပ်လေးပင် ဖြစ်၏၊ အကြောင်းကား..
သူဟာ ဟင်းချက်တဲ့ နေရာမှာ အင်မတန်မှ တော်သော မြန်မာနိုင်ငံရဲ့ အထင်ကရ စားဖိုမှုးကြီးမျာရဲ့ဟင်းချ က်နည်း
စာအုပ်အမျိုးမျိုး အသွယ်သွယ်ထဲမှ အလွန်တရာမှ ခက်ခဲနက်နဲ လှတဲ့
ကြက်ဥပြုတ်နည်း ရေကို ဆူသွားအောင် ကြိုနည်းတို့ကို ကျွမ်းကျွမ်းကျင်ကျင်
တတ်မြောက်သောကြောင့်ဖြစ်၏..
ယခု အချိန်ထိ သူ့ရဲ့ လက်ရာကို အတူနေ အခန်းဖော် ဘော်ဒါများ မစားရသေး(သူတို့အတွက် ကံဆိုးလွန်း၍ သူ စိတ်မကောင်းဖြစ်ရ၏)
ဘယ်သူကမှလဲ သူ့ကို ချက်ပါဆိုပြီး မခိုင်းရဲ ဟင်းတွေ အရမ်းကောင်း အရသာရှိပြီး သူ့ရဲ့ လက်ရာကို ဆွဲငြိကာ နောက်တခါ မစားရမှာကို စိုးရိမ် နေကြဟန်တူ၏။
တလောက သူငယ်ချင်းတယောက် မြန်မာနိုင်ငံကနေ ဟင်းချက်နည်း စာအုပ်တအုပ်ထည့်ပေး၍ မီးဖိုချောင်ထဲသို့ ယူသွားကာ ခပ်တည်တည်နှင့်ပင် ခေါင်းစဉ်မကြည့်ပဲ ဆရာကြီးဒဇိုင်းနဲ့ သူ့ရဲ့ အတူ ဟင်းချက်ဖော်ကို ' 'ဟင်းဆိုတာ ဒီလို ချက်ရတယ်ကွ' ဟု ဟင်းချက်နည်း တွေ ဖတ်ပြနေ၏။ တကယ်တော့ ဟင်းက ကိုယ်မချက်ရ ကိုယ်က ဘေးကနေ ကြက်သွန်လှီး ခွက်ဆေးမျှသာ လုပ်နေခြင်းဖြစ်၏၊
သူများကို ဆရာကြီး လုပ်ချင်လွန်း၍ ထင်...
စာအုပ်ရဲ့ ခေါင်းစီး title ကို ဖတ်လိုက်မှ ဖတ်မိသော ကိုယ့်ပါးစပ်ကို ကိုယ် ရိုက်လို့ " ဟိုက် မှားပဟ" ဆိုပြီး ငုတ်တုတ် မေ့သွားရ၏၊
စာအုပ်ခေါင်းစီးကိုလဲ ကြည့်ဦးလေ
" အိမ်ရှင်မများနှင့် ပျိုမေတို့အတွက် ရသ စုံလင် ရွှေလက်ရာ ဟင်းမျိုးစုံချက်နည်း" တဲ့လေ( သေပြီဆရာ)
ဟိန္ဒီထမင်း ဟိန္ဒီဟင်းက မည်သို့မျှပင် စားလို့မရ ဒုက္ခက မသေးလှဟု ဆိုကြသည်၊
ညနေဆို ကိုယ်တိုင် ဈေးခြင်းတောင်းကြီး ဆွဲ၊ ကားတားကားတားနှင့် ကုလား ဟင်းသီးဟင်းရွက် ဆိုင်တွေဆီ ချီတက်ရသည်။
ဒီကြားထဲ ကုလားစကားမတတ်တဲ့ လူကို ကုလားက ကုလားစကားနှင့် ရွမ်းရွမ်းဝေအောင် စကားလာပြောတတ်သေး၏။
သူက ခပ်တည်တည်နှင့် အိုကေ အိုကေ ဟု ဖော်လို လိုက်ပေးနေရ၏။
တကယ်တော့ တလုံးမှ နားမလည်၊
(မင်းနှမ ငါ့ပေးဟု ဆိုက အိုကေဟု ပြောမိရက်သား" သေပြီဆရာ" ပင်) သို့သော် မတတ်နိုင်၊
ကိုယ်မှ နားမလည်ပဲ၊
မနက်ဆို စချက်ရလေတော့၏။
ကျန်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကျောင်းသားတွေကတေ
သူကတော့ မငြီး...
သူ့အတွက် ဟင်းချက်ခြင်း ဟူသော အမှု ကိစ္စသည် အလွန်ပင် သေးငယ်လှ၍ ခေတ်စကားနဲ့ ပြောရသော် မိုင်နာ ကျလှသော အလုပ်လေးပင် ဖြစ်၏၊ အကြောင်းကား..
သူဟာ ဟင်းချက်တဲ့ နေရာမှာ အင်မတန်မှ တော်သော မြန်မာနိုင်ငံရဲ့ အထင်ကရ စားဖိုမှုးကြီးမျာရဲ့ဟင်းချ
ယခု အချိန်ထိ သူ့ရဲ့ လက်ရာကို အတူနေ အခန်းဖော် ဘော်ဒါများ မစားရသေး(သူတို့အတွက် ကံဆိုးလွန်း၍ သူ စိတ်မကောင်းဖြစ်ရ၏)
ဘယ်သူကမှလဲ သူ့ကို ချက်ပါဆိုပြီး မခိုင်းရဲ ဟင်းတွေ အရမ်းကောင်း အရသာရှိပြီး သူ့ရဲ့ လက်ရာကို ဆွဲငြိကာ နောက်တခါ မစားရမှာကို စိုးရိမ် နေကြဟန်တူ၏။
တလောက သူငယ်ချင်းတယောက် မြန်မာနိုင်ငံကနေ ဟင်းချက်နည်း စာအုပ်တအုပ်ထည့်ပေး၍ မီးဖိုချောင်ထဲသို့ ယူသွားကာ ခပ်တည်တည်နှင့်ပင် ခေါင်းစဉ်မကြည့်ပဲ ဆရာကြီးဒဇိုင်းနဲ့ သူ့ရဲ့ အတူ ဟင်းချက်ဖော်ကို ' 'ဟင်းဆိုတာ ဒီလို ချက်ရတယ်ကွ' ဟု ဟင်းချက်နည်း တွေ ဖတ်ပြနေ၏။ တကယ်တော့ ဟင်းက ကိုယ်မချက်ရ ကိုယ်က ဘေးကနေ ကြက်သွန်လှီး ခွက်ဆေးမျှသာ လုပ်နေခြင်းဖြစ်၏၊
သူများကို ဆရာကြီး လုပ်ချင်လွန်း၍ ထင်...
စာအုပ်ရဲ့ ခေါင်းစီး title ကို ဖတ်လိုက်မှ ဖတ်မိသော ကိုယ့်ပါးစပ်ကို ကိုယ် ရိုက်လို့ " ဟိုက် မှားပဟ" ဆိုပြီး ငုတ်တုတ် မေ့သွားရ၏၊
စာအုပ်ခေါင်းစီးကိုလဲ ကြည့်ဦးလေ
" အိမ်ရှင်မများနှင့် ပျိုမေတို့အတွက် ရသ စုံလင် ရွှေလက်ရာ ဟင်းမျိုးစုံချက်နည်း" တဲ့လေ( သေပြီဆရာ)
No comments:
Post a Comment