သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Saturday 19 January 2013

"သက္ကာရ ပွပွ"



အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ က စွန်းလွန်းဆရာတော် ဘုရားကြီးကို ရဟန္တာဖြစ်မဖြစ် သွေးတိုးစမ်းတဲ့အနေနဲ့ သူဘုရားဆု ပန်ထားတယ် ဆိုပြီး တဖက်လှည့်နဲ့  မေးခွန်းလေး မေးတော့ ဆရာတော်ဘုရာကြီးက……….
“ အင်း ခင်ဗျားက တယ်…… သတ္တိကောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ ကြည်ညိုပါရဲ့၊
   ကျုပ်တို့တော့ ခင်ဗျားလောက် သတ္တိမကောင်းနိုင်ဘူးဗျာ” တဲ့၊
                 …………………………………………………………..
ကဿပ ဘုရားရှင်လက်ထပ်က မိတ်ဆွေ ရဟန်းနှစ်ပါးရှိပါသတဲ့၊
နှစ်ပါလုံးက စိတ်တူကိုယ်တူ တရားအားထုတ် သူတွေဆိုတော့ ရှေ့ဘဝကို ကြိုမြင်နိုင်တဲ့ ဥာဏ်အမြင်ကို ရကြသတဲ့၊  တနေ့တော့
သူငယ်ချင်းတပါးက ဒီဘဝက သေပြီး နောင်ဘဝ ဘာဖြစ်လေမလဲ ပေါ့ စပ်စုပြီး ကြည့်လိုက်တော့
နောက်ဘဝမှာ သူက မစင်တွင်းကြီးထဲမှာ ပိုးလောက် တကောင်ဖြစ်ပြီး သူ့သူငယ်ချင်းရဟန်းတော်ကတော့ ငှက်တကောင်ဖြစ်မှာကို သွားမြင်တော့…..
သူ့မှာ တရားမထိုင်နိုင် တမှိုင်မှိုင်နဲ့ စိတ်ညစ်ရပါသတဲ့၊
တယောက်ကို တယောက် အရိပ်တကြည့်ကြည့် ကြည့်နေကြတဲ့ သူငယ်ချင်းတွေ ဆိုတော့ သူငယ်ချင်းတပါးက ရိပ်မိတယ်၊
‘အလို……. ငါ့ ဘော်ဒါကြီး ဘာဖြစ်ပါလိမ့် တမှိုင်မှိုင်နဲ့ပါလား ပေါ့’ ဒါနဲ့ မေးကြည့်တယ်၊
“ငါ့ရှင် ဘာဖြစ်၊ တမှိုင်မှိုင်နဲ့ ရည်းစားပူများမိလေရော့သလား” ပေါ့၊ မေးတော့
သူငယ်ချင်းရဟန်းက “ငါ့ရှင်ရေ ဒီလို ဒီလိုကွ၊ အဲ့ဒါ ငါ ချီးတွင်းကြီးထဲတော့ မဖြစ်လိုဘူးကွာ နောင်ဘဝကျ မင်းက ငှက်ဖြစ်မှာပေါ့ ငါ့ကို ထိုးသုတ်ပြီး နောက်ထပ်ဘဝတခုကို ပို့ဆောင်ပေးပါ”……
သူငယ်ချင်းကလဲ ‘ဘာခဲယဉ်းသလဲပေါ့’ ကတိပေးလိုက်တယ်၊
ဒါနဲ့ ရဟန်းဘဝတွေက သေလွန်ပြီး နောက်ဘဝတွေ အသီးသီးကျ သူတို့ကြိုမြင်ထားသလိုပဲ တပါးက ငှက်ဖြစ်ပြီး တပါးက ချီးတွင်းကြီးထဲမှာ ပိုးလောက်ကြီး ဖြစ်သွားပါတယ်၊
ကတိတွေအတိုင်း ဘဝတပါးက သူငယ်ချင်းက သူ့သူငယ်ချင်းကို ထိုးသုတ်မယ်ပေါ့ အလာ….
ပိုးလောက်ကြီးက လှမ်းရိပ်မိတော့ ချက်ခြင်းပဲ ကြောက်လန့်တကြား သူငယ်ချင်းကို လှမ်းအော်ပြောလိုက်တယ်၊
“သူငယ်ချင်း မလာပါလေနှင့်တော့၊အတိတ်ဘဝတုန်းက အမြင်အရ ဘယ်လောက်ပင် နံစော်နေတဲ့ ချီးတွင်းကြီး ဖြစ်နေပါစေ၊ ယခု ဒီဘဝမှာ ပိုးလောက်မလေးတွေနဲ့ တယ်ပျော်စရာ ကောင်းနေပါကလား” တဲ့
သူငယ်ချင်းရဟန်းတော်ဟောင်း ငှက်ကတော့ ဘယ်လို ဖြစ်တယ်ရယ် မသိ၊
ကိုယ်ကတော့ အော့အော် ဖြစ်မှ ဖြစ်ရလေလို့ သက်ပြင်းအကြိမ်ကြိမ်ချမိ၊
………………………………………………………………………………….
ဆိပ်ကမ်းသာလမ်းမှာ အင်္ဂလိပ်စာ သွားသွား သင်စဉ်တုန်းက ကျောင်းကနေ class ကိုသွားဖို့ တာမွေလမ်းဆုံ bus stop လေးကနေ ၃၉ လိုင်းကားကြီးတွေ စောင့်စောင့် စီးရ၏၊
အဲ့ဒီနေ့ကပေါ့ မိုးတွေက ဝမ်းလျှောနေတဲ့ လူတယောက်လို သူ့မျက်တောင်ကြီးကို ကြုံ့ တရှုံ့ရှုံ့နဲ့ သည်းသည်းမည်းမည်းရွာချနေပါတယ်၊

ပြတ်တရက် လပ် တရက် ကျောင်းပျက်ရက်တွေကို ဖားထေးဖို့၊ မတတ်တာ ကြာပြီဖြစ်တဲ့ သင်တန်းစာအုပ်လေး ဖုန်လေး တဖက်ဖက်ခါ၊ ဒီနေ့လို ပြဿဒါးရက်ကိုမှ ကိုယ်က ရွေးချယ်ပြီး ကျောင်းတတ်ဖို့ စိတ်ကူးတွေ သန်နေမိသည်၊ ဟုတ်တယ် ကြာရင် ဆရာ့ကို အားနာစရာ ၊ ကျောင်းပြတ်ရက်တွေ များပြီလေ၊
မှတ်တိုင်အောက်ကို လှမ်းကြည့်လိုက်တော့ ရုံးစိမ်းရောင် အကျီ င်္နဲ့ အသက်၂၀ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်၏်၊
ကိုယ်မှတ်တိုင် အမိုးအောက် ဝင်လိုက်တယ်၊
ကိုယ်နဲ့ သူနဲ့ ဖျက်ကနဲ့ အကြည့်ချင်းဆုံတယ်၊ ကိုယ့်ကို 100% ရာခိုင်းနှုန်းယုံတဲ့ ပုံစံနဲ့ ဟိုဘက်ကို ပြန်လှည့်သွားတယ်၊ ကောင်းကင်ကြီးအောက်မှာ သူရယ် ကိုယ်ရယ် မိုးစက်ပေါက်တွေရယ် တာမွေလမ်းမကြီးရယ်……………
နောက်ထပ် အဖေါ်တယောက် ပြေးလာတာ ထပ်တွေ့ရတယ်၊ သူလည်း မိုးခိုလာတာ ထင်ပါရဲ့၊ မဝင်ခင် ကိုယ်တို့ နှစ်ယောက်ကို ဖြတ်ခနဲ မော့ကြည့်တယ် မိုးခိုပါရစေလား ဆိုတဲ့ အကြည့်မျိုး၊
နိုင်ငံခြားသားတွေ dog လို့ ခေါ်ခေါ်နေတဲ့ သက်ရှိပြီး လူနဲ့ စရိုက်မတူတဲ့ အကောင်၊
ကောင်မလေးက ‘ဟဲ့’ ဆိုပြီးမောင်းထုတ် မလို့ဟန် သူ့လက်လေးကို ဝင့်လိုက်တော့…..
“ဟိတ် မလုပ်ပါနဲ့” ဆိုပြီး ကိုယ်တားလိုက်တယ်၊
ကောင်မလေးက ကိုယ့်ကို ပေစောင်းစောင်းကြည့်ပြီး သူ့လက်လေးကို ပြန်ချလိုက်တယ်၊
ကိုယ်က ခွေးကို အမိုးအောက်ခေါ်လိုက်တယ်၊
သူလည်း သူ့ဘဝလေးကို မသေခင်လေးအထိတော့ ချမ်းချမ်းသာသာလေး နေချင်စိတ် ပျော်ပျော်ရွှင်ရွှင်လေးနေချင်စိတ်နဲ့ တွယ်တာမှာပဲလေ၊ အသိရှိတဲ့လူတွေက စာနာပေးဖို့ပဲ လိုတာ၊
ဒါပေမဲ့ ကိုယ် ကောင်မလေးကို ပြောမပြဖြစ်ခဲ့ဘူး၊
ခွေးဆိုတဲ့ ကောင်မျိုးကလဲ ခက်တော့ ခက်သားကလား၊
သနားလို့ခေါ်တာ အေးအေးဆေးဆေး နေမယ် မကြံ၊
ဖတ်……ဖတ်
ဆိုပြီး သူ့အမွှေးမှာ ကပ်နေတဲ့ ရေတွေကို ခါထုတ်လိုက်တော့ ကောင်မလေးကို အနည်းငယ် စင်သွားသည်၊
ကောင်မလေးမျက်နှာ ရှုံ့သွားသည်၊ သို့သော် ကိုယ့်မျက်နှာကြောင့် သူ့မှာ အောင့်သက်သက်နဲ့ ဒီကောင့်ကို တော်တော် သည်းခံထားပုံရသည်၊
မိုးက တိတ်လုလု၊ ကားကမလာ၊ လာတဲ့ ကားတွေကလဲ လူမရှိတဲ့ မှတ်တိုင်မှာ ရပ်ချင်ဟန်မတူ၊
တစီးပြီး တစီး ဝူးဝူးနဲ့ ကျော်တက်သွားကြသည်၊ ဒီတိုင်းထိုင်နေလို့တော့ မဖြစ် သံလမ်းဘက်ကသွားစီးမှ ရတော့မည်၊
အကျင့်ပါနေသူတို့၏ ထုံးစံအတိုင်း ဘေဘီ ဝဲယာ ကို လျှပ်တပျက် ဝေ့ကြည့်တော့…….
“ဗုဒ္ဓေါ” ဟိုကောင်က တမျိုးပြီး တမျိုး မရိုးနိုင်အောင် လုပ်ပြနေသည်၊
ပက်လက်ကြီးလှန် သူ့ခန္ဓာကိုယ်ပေါ်က ရေစက်တွေကို လျှာနဲ့လိုက်လျှက်နေသည်၊
(ရှက်ထှာကွာ လုံလုံခြုံခြုံ မနေဘူး လဒ)
ကောင်မလေးကို ကြည့်လိုက်တော့ မြင်ဟန်မတူ၊ စူပုပ်ပုပ် မျက်နှာထားနဲ့ မိုးရွာနေတဲ့ ကောင်းကင်ကြီးကို ကြည့် ပွစိပွစိ လုပ်နေသည်၊ (အင်း မိုးတိတ်ဂါထာ ရွတ်နေတာနေမယ်)
ဒီကောင်နဲ့တော့ ကြာကြာနေရင် မကောင်း၊
ထီးဖွင့်မဲ့ ဟန်ပြင်လိုက်တော့၊ ကောင်မလေးက ‘သွားတော့မလိုလား’ဆိုတဲ့ ဟန်နဲ့ လှမ်းကြည့်သည်၊
တတိယမ္ပိ အကြည့်ခြင်း ဆုံမိခြင်းလဲ ဖြစ်၏၊
ကိုယ်က ငနဲကောင်ကို မေးငေါ့ပြလိုက်ကာ ကိုယ်ပြောချင်ရာ ပြောပြီး ထီးဖွင့် လစ်ထွက်လာခဲ့လိုက်သည်၊
“ကျေးဇူးမတင် ဖင်လှန်ပြ ဆိုတဲ့ကောင်မျိုးပေါ့ဗျာ”
ကောင်မလေးကတော့ အူကြောင်ကြားနဲ့ သူ့ကို ဘာပြောသွားတာလဲ မသိဘူး ဆိုတဲ့ မျက်လုံးမျိုးတွေနဲ့ ကြည့်နေမလား
အထာပေါက်ပြီး ရီကျန်ခဲ့မလား။
ခပ်ပေါပေါ ရဟန်းတပါး လို့ပဲ တွေးပြီး
ငေးကြည့်နေမလား၊
ကိုယ်ကတော့ နောက်ကို လှည့်မကြည့်မိ၊
ဆိုလိုချင်တာ ဘဝကို တက်မက်မှုလေးပါပဲ၊ ခွေးတကောင်လဲ သူ့ ဘဝကို ကျေကျေနပ်နပ်ကြီး ပျော်ရွှင်စွာ ခံယူသင့်တာပဲလေ၊  
သူတော်ကောင်းကြီးတွေက သံသရာကို တတ်နိုင်သမျှ ဆွဲချုံ့ပြစ်ကြသည်၊ ကိုယ်ကရော
ဘဝရဲ့ လွတ်မြောက်ရေး ဆိုတာ ဘုရားဝတ်ပြုပြီး ‘ရရပါလို၏’ ပြောခြင်းထက် ဘယ်လို လိုအပ်ချက်မျိုးမှ အပိုပါရမယ်လို့ တွေးမထင်ထားသူ၊
သက္ကာရနဲ့ လွတ်မြောက်မှု တကယ်တော့ ကိုယ်ကရေတစ်စက်ဆို လွတ်မြောက်မှုက ဆီတစ်စက်………………



No comments:

Post a Comment