သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Monday 14 January 2013

“ကိုယ့်ကိုယ်ကိုသာ ကြည့်ပါလေ ချစ်သား…....”



တပည့်တွေကို အားမလို အားမရဖြစ်နေတဲ့ ပါမောက္ခက
“မင်းတို့ဟာ အခု အသက်ရွယ်ရောက်နေပြီ၊ ဒါတောင် ဘာတခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ကြသေးဘူး၊
အလက်ဇန္ဒား ဘုရင်ကြီးကြည့်စမ်း၊ မင်းတို့ အရွယ်လောက်မှာပဲ ကမ္ဘာတဝက်ကို အုပ်စိုးနိုင်နေပြီကွ၊”
ကျောင်းသားတဦးက ထရပ်ပြီးတော့…….
“ဟုတ်ပါတယ် ဆရာ၊ သူ့မှာက အရစ္စတိုတယ်(Aristotle) လို ဆရာကောင်းနဲ့ စာသင်ခဲ့ရတာကိုး”

             ………………………………………………………………………………….
“ကိုယ့်လူကြီး ဖတ်လှချည်လားဗျ၊”
“အေးဗျာ တင်းနေတာ”
“အဲ့ ဘာလို့”
“ကွာ ဘင်္ဂါလီတွေ အကြောင်းဖတ်ပြီး ဒေါသထွက်နေတာ”
“အွန်”
သူ့သူငယ်ချင်းရဟန်းတော်က ကွန်ပျုတာကြီးဖွင့် သတင်းတွေ သဲကြီးမဲကြီး ကြည့်နေတာကို ကြည့်ပြီး ကိုယ်က လှမ်းမေးလိုက်တာပါ၊
“အဲ့ဒါ မြန်မာပြည်က ရှေးရိုးစွဲ ဘုန်းကြီးတွေ ကြောင့်ဖြစ်ရတာ၊ တခါလာလဲ ဃရာဝါသ ရှုတ်ထွေးလှတဲ့ အိမ်ရာတည်ထောင် လူတို့ဘောင် လူတို့ဘောင်နဲ့၊ ဟော ခုတော့ မျိုးတုန်းပြီ အဲ့ဒါ ဘုန်းကြီးတွေကြောင့်ဖြစ်တာ၊ ဟိုနေ့ကလဲ သတင်းတခုဖတ်ရတယ် ကချင်ပြည်နယ်ဘက်က စစ်ဘေးဒုက္ခသည် ကောင်မလေးတွေကို တရုတ်ပြည်က သတိုးသမီး လိုအပ်ချက် သန်း၃၀ အရ ကျားဆွဲသလို ဆွဲဖို့ ကြံနေကြတယ်တဲ့လေ စိတ်ပျက်စရာကောင်းတယ်၊”
သူပြောသလို တွေးမယ် ဆိုတော့လဲ ဟုတ်တော့လည်း ဟုတ်သလိုလို
အမိ ရွှေမြန်မာ ပြည်ကြီး ပျောက်ကွယ်သွားလေမလား၊
အော် တရားစကားနဲ့ ပြောရသော် အနိစ္စာဝတ……
နောက်ဆုံး ကိုယ့်ကို ဓားနဲ့ လာခုတ်တဲ့ အထိ အနိစ္စာဝတ နိုင်ဦးမလားတော့ မသိ၊ ကိုယ်မခံရသေးသရွှေ့တော့ အရာရာက ပေါ့ပျက်ပျက်ပဲ နိုင်လှသည်၊
ရွှေပြည်ကြီးက သူငယ်ချင်း မိတ်ဆွေ ရဟန်းတော်ရဲ့ စကားလေး အမှတ်ရသည်၊
“ငါ့ကောင်ကြီးရေ ကိုယ်နဲ့ နီးစပ်ရာ ကောင်မလေးတွေ တော်တော်များများက အပျိုကြီးတွေချည်းပဲ ဖြစ်သွားကြတာ များတော့၊(အဟမ်း အဟမ်း)ကိုယ့်အပြစ်ပဲ မကင်းသလိုလိုဗျာ” တဲ့
ရွှေပြည်ကြီးအတွက်ကတော့ အမှန်တိုင်းပြောရရင် ရင်လေးစရာ၊
ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီး နှစ်နိုင်ငံ ရဲ့ ကြားမှာနေရသလို
နှစ်နိုင်ငံလုံးရဲ့ သတိုးသမီးလိုအပ်ချက်ကလဲ အတူတူလောက်ပင်ရှိမည်၊
ဒီကြားထဲ ဘင်းဂလားဒေ့ခ်ျ ဆိုတဲ့ ငတိနိုင်ငံလေးကလဲ ရွှေပြည်ကြီးရဲ့ ခန္တီစ တရားကို တချက်တချက် သွေးတိုးထထ စမ်းချင်သေးသည်၊
“အိန္ဒိယ ဆိုတဲ့ နိုင်ငံကလဲ ယောက်ျားတွေ ချည်းပဲ နေတဲ့ နိုင်ငံကြီးလား မသိဘူး၊”
သူတို့ သူငယ်ချင်းတွေကြား ခဏခဏ ပြောဖြစ်တဲ့ စကား
………………………………………………………………………………………

“ငါ့ညီတို့ ခဏနေကြစမ်း၊ ကိုယ်ပြောတာ နားထောင် ခုခေတ်ကြီးက knowledge ခေတ်ကွ၊ generation ခေတ် မဟုတ်ဘူး၊ သာသနာ ပြုတယ် ဆိုတဲ့နေရာမှာ ရှင်အရဟံ တို့ နိဂြောဓ ကိုရင် တို့ကို ကြည့် မိန်းမ တယောက် မယူဘဲ ကလေးတယောက် မမွေးပဲ သာသနာ ပြုသွားကြတာကွ၊ မွေးလေ မင်းတို့ ဘာသာခြားတွေ ကြိုက်သလောက် မွေး ၊ ဘုရားက generation နဲ့ သာသနာ ပြုတာကိုလဲ လက်မခံဘူးကွ ၊ မင်းတို့ သိရမှာ knowledge ရှိတဲ့လူတွေကို ခေတ်နဲ့ညီတဲ့ knowledge တွေ ပေးပြီး သာသနာပြုရမှာ၊ ခေတ်သစ်မှာဆို ဒေါက်တာ အမ်ဘေဒကာ တို့လို knowledge ရှိတဲ့ လူတွေကို သာသနာ ပြုနိုင်တဲ့ အတွက် အိန္ဒိယမှာ တဖန်သာသနာ ပြန်ထွန်းကားလာခဲ့တာကိုပဲ အတုယူကြ၊
ဟုတ်ပီ ခုလို ခေတ်ကြီးမှာ မင်းတို့ကြည့်လိုက် အိုဘားမားလိုကောင် ဗုဒ္ဓဘာသာထဲ ဝင်ကြည့် ငါတို့သာသနာ ဟာ အော်တိုမစ်တစ် ထိပ်ဆုံးကို ရောက်သွားလိမ့်မယ်၊
အဲ့လို ကမ္ဘာက လေးစားရတဲ့ knowledge နဲ့ ပြည့်စုံတဲ့ လူတယောက်ကို သာသနာ ပြုနိုင်အောင် မင်းတို့ကြိုးစား လူပြိန်းအတွေးတွေ မတွေးစမ်းပါနဲ့ ၊ ဒို့ဘုရားရှင်ရဲ့ သာသနာက knowledge သာသနာ generation သာသနာ မဟုတ်ဘူး၊ အရှင်အာနန္ဒာက လိဇ္ဇဝီလူမျိုးတွေ ကြား သာသနာ ပြန့်ပွားဖို့အတွက် အချုပ်ဖြစ်တဲ့ လိဇ္ဇဝီ ခေါင်းဆောင် မလ္လာမင်းသားကို ဗုဒ္ဓဘာသာ ဖြစ်လာအောင် သာသနာ ပြုခဲ့တာ မင်းတို့ အတုယူကြစမ်းပါ၊ အတွေးတွေ မခေါင်စမ်းပါနဲ့၊”
ဥရောပ နိုင်ငံတွေကို တံခါးမရှိ ဓားမရှိ ကြွရောက်သာသနာ ပြုနေတဲ့ ဆရာတော်တစ်ပါးရဲ့ စကားလေးပါ၊
ဆိုလိုရင်းက generation နဲ့ လူမိုက်ဆန်ဆန် တိုးဖောက်လာတဲ့ လူတွေကို ကိုယ်တို့က knowledge လက်နက်တွေ တပ်ပြီး တက်ညီလက်ညီ ပြန်တွန်းလှန်ရမည်၊
ဒီအတွက် ကိုယ်တို့တွေ ရင်ထဲ နှလုံးသားထဲ ဦးနှောက်ထဲကို knowledge တွေ စုစည်းထည့်ထားရမည်ဟု ဆိုလိုခြင်းဖြစ်မည်၊
တကယ်ဆိုလဲ ပုထုဇဉ်သာသာမို့ အဲ့လောက်ထိ သွေးအေးပြီး ရတက် မအေးနိုင်တာတော့ လူညံ့တယောက်ပီပီ ဝန်ခံရပေမည်၊
“ကိုယ့်လူရေ…. စကားတွေတော့ အများကြီး မပြောသေးနဲ့ဦး ၊ ဘုရားစကားလေးတော့ ပြောချင်တယ်ဗျာ ‘အတ္တနောဝ အဝေက္ခေယျ’ တဲ့၊ မြန်မာ စကားမှာလဲ ရှိတယ် မဟုတ်လား သူများမျက်ချီးကိုချည်း ကြည့်ရီမနေနဲ့ဗျာ၊ ကိုယ်ထိပ်ပြောင်နေတာလဲ ပြန်စမ်းဦးမှပေါ့၊”
သူ စကားဝိုင်းလေးက ထထွက်ခွါလာခဲ့သည်၊
ခြေလှမ်းတွေနောက် စိတ်တွေက ခပ်ခွါခွါလေးပဲ တရွေ့ရွေ့……………..



No comments:

Post a Comment